ခန္တီးမြို့အနီးလေပြင်းတိုက်ခတ် နေအိမ်တချို့ပျက်စီးဆုံးရှုံး
DVB
·
May 6, 2017
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ မိုင်နောင်ကျေးရွာမှာ မေလ၅ရက်၊ ညနေ ၇ နာရီလောက်က လေပြင်းတွေတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၁ လုံးနဲ့ ကျွဲ၁ ကောင်သေဆုံးသွားပါတယ်။
လေပြင်းဒဏ်ခံလိုက်ရတဲ့ ရွာသား ဦးချစ်စိန်က “အခုတိုက်တဲ့လေကြောင့် ကျွန်တော်အိမ် ပြိုလဲကျသွားပါတယ်။ လူကတော့နေလို့မရတော့ပါဘူး။ အိမ်ပြိုလို့ပြေးသွားရင်းနဲ့ ကျွန်တော်ကလေးဒဏ်ရာရခဲ့တယ်”လို့ပြောပါတယ်။
လေတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ စာရင်းတွေကိုတော့ ခန္တီး အထွေထွေ အုပ်ရေးမှူးရုံးကိုတင်ပြထားတယ်လို့ မိုင်နောင်ကျေးရွာအုပ်ချုပ်းမှူး ကပြောပါတယ်။
အောင်ဆန်းမြင့်