A d v e r t i s e m e n t With Us

အင်တာတိုက်စစ်မှူး ခြသေ့င်္ခေါင်းပုံ ကိုယ်လုံးပြည့်ထိုးထားသည့် တက်တူးသစ်ပြသ

အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီဟာ ခြင်္သေ့ခေါင်းပုံ ကိုယ်လုံးပြည့်ထိုးထားတဲ့ တက်တူးသစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အီကာဒီဟာ အခု အသစ်ထိုးထားတဲ့ တက်တူးပုံထဲမှာ သူ့ရဲ့ သမီးနှစ်ယောက် အမည်တွေကိုပါ ရေးထိုးထားခဲ့တာပါ။ သူဟာ အသင်းဖော် တိုက်စစ်မှူးဟောင်း မက်ဆီလိုပက်ဇ်ရဲ့ ဇနီးဟောင်းဖြစ်သူ ၀န်ဒါနာရာနဲ့ လက်ထပ်ခဲ့သူဖြစ်ပါတယ်။ နာရာဟာ မက်ဆီလိုပက်ဇ်နဲ့ သား ၃ ယောက် မွေးဖွားခဲ့ပြီး၊ အီကာဒီဟာ အဲဒီကလေးငယ်တွေရဲ့ နာမည်တွေကို လက်မောင်းမှာ ရေးထိုးခဲ့ပါတယ်။ တက်တူးထဲက ခြင်္သေ့ရဲ့ ခေါင်းပေါ်မှာ သမီးကြီး ဖရန်ဆက်စကာ၊ ခြင်္သေ့ခေါင်းပုံစံရဲ့ အောက်မှာ သမီးငယ် အစ္စဘယ်လာတို့ရဲ့ နာမည်တွေကို ရေးထိုးခဲ့ပြီး တက်တူးအရောင်ကို မူလဆေးရောင်အတိုင်းသာ ပုံဖော်ရေးဆွဲခဲ့ပါတယ်။ ၀န်ဒါနာရာဟာ ခင်ပွန်းသည်ဟောင်း မက်ဆီလိုပက်ဇ်နဲ့ ကွာရှင်းပြတ်စဲမှု အတည်ပြုပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်မှာ အီကာဒီနှင့် လက်ထပ်ခဲ့တာပါ။ အခုနှစ်အစောပိုင်းက ပြိုင်ဘက်ကစားသမားတွေအဖြစ် ပြန်လည်ဆုံတွေ့တဲ့ပွဲစဉ်မှာ မက်ဆီလိုပက်ဇ်ဟာ အီကာဒီကို ပွဲမတိုင်ခင် လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up