A d v e r t i s e m e n t With Us

ရေအောက်လှောင်အိမ်အတွင်း မော်ဒယ်လ်တဦး ထိတ်လန့်ဖွယ် ငါးမန်းကိုက်ခံရ (ရုပ်သံ)

စွဲမက်စိတ်ဝင်စားဖွယ် ရေအောက်ရိုက်ကွင်းတခုအတွက် ရုပ်သံရိုက်ကူးခဲ့တဲ့ မော်ဒယ်တဦးဟာ ရေအောက်ထဲက လှောင်အိမ်ထဲမှာ ငါးမန်းကိုက်ခံခဲ့ရတယ်လို့ မေ ၅ ရက်နေ့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါက မော်ဒယ်လ် မော်လီကယ်ဗယ်လီဟာ ပင်လယ်ထဲမှာ ကြောက်စရာ ငါးမန်းတွေနဲ့ ရေအတူကူးခတ်ဖို့ ရေအောက်လှောင်အိမ်ထဲကို ရေကူးဝတ်စုံလေးနဲ့ ရဲရဲဝံ့ဝံ့ ခုန်ဆင်းလိုက်ပါတယ်။ ဒါပေမယ့် စက္ကန့်ပိုင်းအချိန်လေးအတွင်းမှာ လှောင်အိမ်သံတိုင်ကျယ်တွေ ကြားထဲကနေ ခြေကျင်းဝတ်ကို ငါးမန်းကိုက်လိုက်လို့ မော်လီလည်း ထိတ်လန့်နာကျင်စွာနဲ့ ရေအောက်ထဲကနေ ပြန်တက်လာရတာပါ။ အလန့်တကြားနဲ့ နာကြင်စွာအော်ဟစ်နေတဲ့ မော်လီရှိနေတဲ့ ရေအောက်လှောင်အိမ်ကို ရေပေါ် မြန်မြန်ပြန်ဆွဲတင်ပြီး သူမကိုလည်း သင်္ဘောပေါ် ပြန်ဆွဲတင်လိုက်ရပါတယ်။ သူမရဲ့ခြေကျင်းဝတ်နားမှာ ငါးမန်းကိုက်ဒဏ်ရာနဲ့ သွေးထွက်နေတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ မော်လီရဲ့ဒဏ်ရာကို အချက် ၂၀ ချုပ်လိုက်ရပြီး လူမှုကွန်ရက်က သူမရဲ့ ပရိသတ်တွေကိုလည်း သူမ နေကောင်းပြီဖြစ်ကြောင်း အသိပေးတယ်လို့ သိရပါတယ်။ မော်လီက သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ “အားလုံးရဲ့ ဆုတောင်းပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျမလုံးဝ နေကောင်းသွားပါပြီ၊ မြင်ရသလောက် မဆိုးလှပါဘူး၊ ကျမ နေပြန်ကောင်းလာတာ တော်တော်မြန်ပါတယ်၊ ဒါက တကယ့်ကို အံ့မခန်း အတွေ့အကြုံပါပဲ” လို့ ရေးသားထားပါတယ်။ မော်လီ ငါးမန်းကိုက်ခံရတဲ့ ယူကျု့ရုပ်သံကို လူသောင်းပေါင်းများစွာက ကြည့်ရှုခဲ့ကြပြီး ရေအောက်ငါးမန်းလှောင်အိမ်ရဲ့ ပုံစံကို ဝေဖန်မှုလည်း မြင့်တက်နေပါတယ်။ ရိုက်ကူးရေးအကြီးအကဲဖြစ်သူ ဒါရန်ပရက်စ်က အန္တရယ်မရှိဘူးဆိုတာ ယုံကြည်လို့ မော်ဒယ်လ်ကို လှောင်အိမ်ထဲကနေ ငါးမန်းတွေနဲ့ ရေအတူကူးခတ်ခိုင်းခဲ့တာဖြစ်ကြောင်းပြောပါတယ်။ “မော်လီက လှောင်အိမ်ထဲမှာ ကင်မရာနဲ့အတူ ရေမြန်မြန် ကူးခတ်မယ်၊ လီမွန်အမျိုးအစား ငါးမန်းတွေက လှောင်အိမ်အနီးအနားမှာ ဝိုင်းနေချိန် ရိုက်ကူးတာကို ထုတ်လွှင့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့က ဒီလိုရိုက်ကူးခဲ့တာပါ၊ လီမွန်ငါးမန်းဆိုတာကလည်း အများအားဖြင့် သိမ်မွေ့ပြီး အသင့်အတင့် အန္တရာယ် မရှိပါဘူး” လို့ ပြောပါတယ်။  

A d v e r t i s e m e n t With Us

More News
Up