ဒီပဲယင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အပင်ကြီးများ ရာနှင့်ချီ ပြိုလဲ
ရန်နိုင်စိုး
·
May 6, 2017
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အတွင်း မုံရွာ-ရေဦး ကားလမ်းမတလျှောက်မှာ မေလ ၅ ရက်နေ့ ညနေပိုင်းက လေပြင်းတွေတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးတွေ ရာနဲ့ချီ ပြိုလဲခဲ့ပါတယ်။
ပြိုလဲခဲ့တဲ့ အပင်အများစုမှာ ထနောင်းပင်၊ ကုက္ကိုပင်နဲ့ တမာပင်တွေဖြစ်ကြပါတယ်။ အပင်တွေ လမ်းမပေါ်ပြိုလဲခဲ့တဲ့အတွက် ကားအများပြားလည်း ပိတ်ဆို့ခဲ့ပါတယ်။
ပြိုလဲခဲ့တဲ့ အပင်တွေကို နီးစပ်ရာကျေးရွာတွေမှ ပြည်သူတွေက ဒီနေ့မနက်ပိုင်းအထိ ဖြတ်တောက် လမ်းရှင်းနေရတယ်လို့ သိရပါတယ်။
ရန်နိုင်စိုး