ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့မှုကြောင့် စပါးစ်အသင်း ချန်ပီယံမျှော်လင့်ချက် ပျက်ပြယ် (ရုပ်သံ)

896
ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ၀က်စ်ဟမ်းအသင်းကို စပါးစ်အသင်းက ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဝက်စ်ဟမ်းအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပေမယ့် စပါးစ်အသင်းက ဘောလုံးပိုင်ဆိုင်မှုမှာတော့ အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ လန်ဇီနီက ပွဲချိန် ၆၈ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
ချန်ပီယံဆုအတွက် ချဲလ်ဆီးနဲ့ အကြိတ်အနယ်ဖြစ်နေတဲ့ စပါးစ်အသင်းဟာ ဒီပွဲအရှုံးကြောင့် ချန်ပီယံဖြစ်ဖို့ အခွင့်အရေး အတော်နည်းသွားပြီဖြစ်ပါတယ်။
စပါးစ်အသင်းဟာ ၃၅ ပွဲကစား ရမှတ် ၇၇ မှတ်၊ ချဲလ်ဆီးက ၃၄ ပွဲကစား ရမှတ် ၈၁ မှတ်နဲ့ အသီးသီးရပ်တည်နေပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ ၃၆ ပွဲကစား ရမှတ် ၄၂ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။