A d v e r t i s e m e n t With Us

ဘာသာရေးလွတ်လပ်ခွင့်အမိန့် ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ တခြား အခွန်ကင်းလွတ်ခွင့်ရ အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ပိတ်ပင်မှု ဖြေလျှော့ထားတဲ့ ဘာသာရေး လွတ်လပ်ခွင့်အမိန့်ကို မေ ၄ ရက်နေ့က လက်မှတ်ရေးထိုးပါတယ်။ သန္ဓေတားမှုကို ဆန့်ကျင်တဲ့ ဘာသာရေးဝန်ထမ်းတွေကို ပုံမှန်ပေးနေကျ သက်သာခွင့် ပေးငွေကိုလည်း ပြဋ္ဌာန်းပေးပါတယ်။ ဒါပေမယ့် ဘာသာရေးလွတ်လပ်ခွင့် နာမည်အောက်မှာ မိန်းမလျာတွေကို ဝန်ဆောင်မှုပေးတာကို ငြင်းထားပါတယ်။ အမေရိကန် အရပ်ဘက် လွတ်လပ်ခွင့် သမဂ္ဂက ဒေါ်နယ်ထရမ့်ရဲ့အမိန့်ကို စိန်ခေါ် တရားစွဲမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် ပထမဆုံးခရီးစဉ် အနေနဲ့ ဆော်ဒီအာရေဗျကစပြီး အစ္စရေး၊ ဗာတီကန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေကို ဒီလနှောင်းပိုင်းမှာ သွားရောက်မှာပါ။ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ထောက်ခံမှု တည်ဆောက်ဖို့လည်း ဖြစ်ပါတယ်။ ထရမ့်ရဲ့ အမေရိကန်ပထမဗျူဟာ ဟာ အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုကို လိုက်ဖက်ညီကြောင်း ထင်ဟပ်ပြသသွားမယ်လို့လည်း အိမ်ဖြူတော် အရာရှိတွေက မေလ ၄ ရက်နေ့မှာ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up