A d v e r t i s e m e n t With Us

တရုတ်ပြည်တွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၃၀နီးပါး နေရပ်ပြန် (ဓာတ်ပုံ)

တရုတ်နိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒက်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးဟာ ကိုးကန့်ဒေသ လောက်ကိုင်မှတဆင့် လားရှိုးမြို့သို့ မနေ့က ပြန်ရောက်လာတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ပြန်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ကျား ၂၅ ဦး၊ မ ၂ ဦး၊ ပေါင်း ၂၇ ဦးတို့အား နေရပ်ဒေသ ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ သာဂရမြို့ကို ပြန်နိုင်ရေးအတွက် ဒီကနေ့ မန္တလေးမြို့သို့ ပို့ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - လူကယ်ပြန်

A d v e r t i s e m e n t With Us

More News
Up