ဖူးဘရိုက်အမေရိကန် ပညာသင်ဆု နှစ် ၇၀ ပြည့်အခမ်းအနား ရန်ကုန်တွင်ကျင်းပ (ဓာတ်ပုံ)
စိုးမိုးအောင်
·
May 5, 2017
အမေရိကန်နိုင်ငံကနေ ပညာတော်သင်ဆုပေးနေတဲ့ Fulbright ပညာသင်ဆုအစီအစဉ်ရဲ့ နှစ် ၇၀ ပြည့်အခမ်းအနားကို မနေ့ညက ရန်ကုန်မြို့ အမေရိကန်သံအမတ်ရဲ့အိမ်မှာ ကျင်းပခဲ့ပါတယ်။
အဲဒီပညာသင်ဆုကနေ မြန်မာနိုင်ငံက ကျောင်းသား ကျောင်းသူပေါင်း ၁၅၀ ခန့်ကို မွေးထုတ်ပေးခဲ့ပြီး အခုဆိုရင် အပတ်စဉ် ၁၀ ရောက်ရှိပြီလို့ ဆိုပါတယ်။
အဲဒီပညာသင်ဆုကို လူမှုရေး၊ နိုင်ငံရေးစတဲ့ နယ်ပယ်အသီးသီးက ကျောင်းသားတွေကို စိစစ်ရွေးချယ်ပြီး ပေးတာပါ။ ဆုရပြီး အမေရိကန်တက္ကသိုလ်တွေမှာ တက်ခွင့်ရတဲ့ ကျောင်းသားတွေဟာ အဲဒီပညာတွေကို မြန်မာနိုင်ငံအတွက် ၂ နှစ် ပြန်ကာ အလုပ်အကျွေးပြုရမှာ ဖြစ်ပါတယ်။