Home
မြန်မာသတင်း
မယ်​စကြာဝဠာ ဘားအံပြိုင်ပွဲ အလှမယ် မြင့်မိုရ်မေ သရဖူဆုရရှိ
DVB
·
May 5, 2017
ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာ မေလ ၃ ရက် ညပိုင်းက ကျင်းပတဲ့ မယ်စကြာဝဠာ ဘားအံ Miss Universe Hpa-an ပြိုင်ပွဲမှာ ခါးနံပတ် ၂၀ မြင့်မိုရ်မေက သရဖူဆု ရရှိသွားပါတယ်။ ပထမဆုံးအကြိမ်ကျင်းပတဲ့ Miss Universe Hpa-an ပြိုင်ပွဲကို ကရင်ပြည်နယ်က လှပျိုဖြူ အမျိုးသမီးငယ်လေးတွေရဲ့ အလှအပနဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး အနုပညာ၊ ပရဟိတ၊ အထွေထွေဆိုင်ရာ ဗဟုသုတတွေအပြင် ဘက်စုံထူးချွန်တဲ့သူတွေ ဖြစ်စေဖို့နဲ့ မြန်မာတနိုင်ငံလုံးနည်းတူ တန်းတူညီတူ ရင်ဘောင်တန်း အောင်မြင်စေဖို့ ကရင်ပြည်နယ်မှာရှိတဲ့ သဘာဝ အလှတရားတွေကို နိုင်ငံတကာမှာ ပိုမိုထုတ်ဖော် ပြသနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပွဲစီစဉ်သူ မော်ဒယ်နည်းပြ နန်းထိုက်က “ကရင်ပြည်နယ်သူတွေက ရိုးသားပါတယ်။ ကြိုးစားကြတယ်။ ပါဝင်ခဲ့ကြတဲ့ ကလေးတွေအနေနဲ့ အရမ်းကို ကြိုးစားခဲ့ကြတယ်။ တခါမှ မကျင်းပဘူးတဲ့ ပွဲကြီးဖြစ်တဲ့ ဘားအံပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတယ်။ သူတို့ကိုယ်တိုင်ကလည်း Winner ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အတွေ့အကြုံ ပညာတွေ ရတဲ့အတွက် သူတို့တွေ အရမ်းပျော်နေကြပါတယ်” လို့ ပြောပါတယ်။ ဒီပြိုင်ပွဲကို ကရင်ပြည်နယ်အတွင်းက ၁၀ တန်းအောင်၊ ဘွဲ့ရရှိပြီးသူ အသက် ၁၆ နှစ်ကနေ ၂၅ နှစ်အရွယ် လူငယ်အမျိုးသမီး ၃၅ ဦး ဝင်ရောက်လျှောက်ထားခဲ့ရာ ဧပြီ ၁၉ ရက်က  ပဏာမအနေနဲ့  အလှမယ် ၂၁ ဦးကို ရွေးချယ်ခဲ့တာပါ။ မေ ၃ ရက်နေ့မှာတော့ ပဏာမ ၂၁ ဦးထဲက ဆန်ကာတင် ၁၀ ဦးကို ဆက်လက်ရွေးချယ်ခဲ့ပြီး ဒီအထဲကမှ ကရင်ပြည်နယ်ရဲ့ Miss Universe Hpa-an Winner အလှမယ်ဆုကို ခါးနံပတ် ၂၀ မြင့်မိုရ်မေက ရရှိသွားပါတယ်။ အဲဒီပြိုင်ပွဲမှာ Myanmar ldol လူငယ်တေးသံရှင် စောထက်နိုင်စိုး၊ ဇင်ကြီး၊ နိုင်ငံကျော်အဆိုတော် သီတာသိမ်း၊ The Best Of Melody World(2011) winner တေးသံရှင် ဝတ်ရည်ထက်တို့ကလည်း တေးသီချင်းတွေနဲ့ ဖြေဖျော်ပေးခဲ့ပါတယ်။ သတင်း - ဓာတ်ပုံ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024