ပြိုင်ပွဲတပွဲစီအလိုက် ချန်ပီယံဖြစ်ခဲ့ပါက အာဆင်နယ်နှင့် ချဲလ်ဆီး တရက်တည်း အောင်ပွဲခံထွက်မည်

900
အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ အခုနှစ်ရာသီမှာ ဖလားတလုံးရရှိဖို့ သေချာနေပြီ ဖြစ်တာကြောင့် ပြိုင်ပွဲတပွဲစီအလိုက် ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် လန်ဒန်မြို့မှာ တနေ့တည်း အောင်ပွဲခံထွက်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ အက်ဖ်အေဖလား နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို ရောက်ရှိနေပြီဖြစ်သလို ချဲလ်ဆီးအသင်းဟာလည်း အက်ဖ်အေဖလားမှာ ဗိုလ်လုပွဲအဆင့်နဲ့ ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံးက ဦးဆောင်နေခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလားရရှိပြီး ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်ဖလား ရရှိခဲ့ပါက မေ ၂၈ ရက်နေ့မှာ တရက်တည်း အောင်ပွဲခံ လှည့်လည်ရမှာပဲ ဖြစ်ပါတယ်။
အာဆင်နယ်အသင်း အက်ဖ်အေဖလားရရှိမယ်ဆိုရင် ၄ နှစ်အတွင်း ၃ လုံးမြောက် ရရှိတဲ့ဖလားလည်း ဖြစ်ပါတယ်။