Home
သတင်းဓာတ်ပုံ
၇၁ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား မုံရွာတွင် ကျင်းပ (ဓာတ်ပုံ)
Aung Ko Latt
·
May 5, 2017
မေ ၅ ရက်နေ့မှ ကျရောက်တဲ့ ၇၁ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား စစ်ကိုင်းတိုင်းဒေသကြီးအဆင့်ကို မုံရွာမြို့၊ တိုင်းမီးသတ်ဦးစီးဌာနရုံးမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နမခတိုင်းမှူးတို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို သန္ဓေ၊ အရန်နဲ့ အပျော်တမ်းမီးသတ်တပ်ဖွဲ့ဝင် ၅၀၀ ဦး တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ သရုပ်ပြအဖွဲ့ဝင်များ၊ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်များကို ဆုများ ချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။ မီးဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေးတွေအတွက် တပ်ဖွဲ့ဝင်တွေ တိုးချဲ့ဖွဲ့စည်းပြီး နိုင်ငံတကာအဆင့်မီတဲ့ မီးသတ်တပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024