Home
မြန်မာသတင်း
နိုင်ငံတည်ငြိမ်မှုပျက်ပြားစေရန် သတင်းမှားဖြန့်ချိနေသူများကို အရေးယူမည်
DVB
·
May 5, 2017
နိုင်ငံတည်ငြိမ်မှုပျက်ပြားစေပြီး လူထုအတွင်း ထင်ယောင်ထင်မှားဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိ သတင်းမှားနဲ့ ကောလာဟလတွေဖြန့်ချိနေတာတွေကို အထူးသတိပြုကြဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ လူမှုကွန်ရက်စာမျက်နှာတချို့မှာ NLD သတင်းသီးသန့်၊ NLD Central News စတဲ့ အမည်တုတွေနဲ့ နိုင်ငံတ်ာသမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တိုနဲ့ ပတ်သက်တဲ့ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်ချိနေပြီး လက်ရှိအစိုးရလက်ထက် နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်လာစေဖို့နဲ့ ကောလာဟလတွေ ကြီးထွားလာပြီး ပြည်သူတွေအကြား ကျီးလန့်စာစား အခြေအနေဖြစ်လာစေဖို့ ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေတာတွေ့ရတယ်လို့ဆိုပါတယ်။ ခုလို သတင်းမှားတွေဖြန့်ချိပြီး ကောလာဟလတွေနဲ့ နိုင်ငံရေးတည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်နေတာတွေကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း အစိုးရ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024