ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့သို့ ရောက်ရှိ
DVB
·
May 5, 2017
ဥရောပ ၃ နိုင်ငံကို တရားဝင်ခရီးလှည့်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံးခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ရောက်ရှိနေပါတယ်။
အီတလီနိုင်ငံရောမမြို့ကနေတဆင့် လန်ဒန်မြို့ ဟီးသရိုးလေဆိပ်သို့ ဗြိတိသျှလေကြောင်းလိုင်းနဲ့ မနေ့ညက ရောက်ရှိရာ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း၊ မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီး အန်ဒရူးပက်ထရစ်နဲ့ တာဝန်ရှိသူတွေက လေဆိပ်မှာ ခရီးဦးကြိုဆိုခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မှာရှိတဲ့ Dorchester Hotel မှာတည်းခိုနေပြီး ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်၊ ဗြိတိန် အောက်လွှတ်တော်ဥက္ကဋ္ဌ ဂွန်ဘားကောင်း တို့နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။