
ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း အာဖဂန်နစ္စတန်ကို နိုင်ငံတကာအကူညီတွေ ဒေါ်လာ ဘီလီယံများစွာ ပုံအော ဝင်ခဲ့ပါတယ်။ အဲဒီငွေအများစုက အာဖဂန်အမျိုးသမီးတွေရဲ့ လူမှုဘဝတိုးတက်စေဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုက ဆက်လက် ကြီးမားနေဆဲပါပဲ။ ‘ဆဟာဂူလ်’ ဆိုတဲ့ မိန်းကလေးဆိုရင် အသက် ၁၅ နှစ်သာ ရှိသေးပေမဲ့၊ ကြီးမားတဲ့ ဘဝ ဒုက္ခပေါင်းစုံကို ကြုံခဲ့ရပါတယ်။ ကလေးအရွယ်မှာ အိမ်ထောင်ကျခဲ့ပါတယ်။ သူ့ယောက်ျားနဲ့ သူ့ယောက်ျား မိသားစုက သူ့ကို အိမ်သာထဲမှာ သော့ပိတ်ထည့်ထားပြီး ခြောက်လလောက် နှိပ်စက်ခဲ့ပါတယ်။ ပြည့်တန်ဆာ လုပ်ခိုင်းတာကို ငြင်းလို့ သူ့ကို အိမ်သာထဲထည့် နှိပ်စက်ကြတာပါ။ အာဖဂန်အမျိုးသမီးအခွင့်အရေးအကြောင်းကို ကာဘူးလ်မြို့မှ သတင်းထောက် ‘ဇူဘာယာ ဘာဘာခါခါအီလ်’(Zubair Babakarkhail) က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။