အီရန်တွင် မိုင်းတွင်းတခု အကြီးစားပေါက်ကွဲမှုဖြစ်၊ မိုင်းလုပ်သား ၅၀ ကျော် ပိတ်မိနေ

ဓာတ်ပုံ - ရိုက်တာ
652
အီရန်နိုင်ငံမြောက်ပိုင်းက မိုင်းတွင်းတခုမှာ မေလ ၃ ရက်နေ့က အကြီးစားပေါက်ကွဲမှုတခု ဖြစ်ပြီး မိုင်းလုပ်သား ၅၀ ကျော် ပိတ်မိနေပါတယ်။
ပိတ်မိနေသူတွေ သေဆုံးသွားမှာကို စိုးရိမ်သူတွေ အမြောက်အမြားရှိနေတယ်လို့ ဒေသခံ သတင်းတွေက ဖော်ပြကြပါတယ်။
ဒဏ်ရာရခဲ့သူ ၁၀ ဦးမက ဒေသတွင်းဆေးရုံကို ပို့ခဲ့ကြတယ်လို့ သိရပါတယ်။
ဂိုလက်စတန်ပြည်နယ်ထဲက ဇမက်စတန်ညာမိုင်းတွင်းမှာ ဒေသစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်က ပေါက်ကွဲမှုဖြစ်တာလို့ ဆိုပါတယ်။
ပိတ်မိနေတဲ့ တချို့လုပ်သားတွေဟာ ပေါက်ကွဲမှုဖြစ်ချိန်တည်းက သေဆုံးခဲ့ကြတယ်လို့ ရဲတွေကပြောကြောင်း ဒေသတွင်းသတင်းဌာန အိုင်အာရ်အန်အေက ပြောပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
"ကျနော် လူတယောက်ကို ကျောပေါ်တင်ပြီး ထွက်လာတယ်။ ပြီးတော့ နောက်တခေါက် ပြန်ဝင်ဖို့လုပ်တော့ အောက်စီဂျင်မရှိလို့ ဝင်လို့မရဘူး။ အထဲမှာ အောက်စီဂျင်မရှိရင် ဝင်လို့ မရဘူး" လို့ မိုင်းလုပ်သားတဦးက ပြောပါတယ်။