စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား (ဓာတ်ပုံ)
DVB
·
May 4, 2017
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မနေ့ည ၉ နာရီဝန်းကျင်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုကို စစ်တွေမြို့က မီးသတ်ကားတွေနဲ့ မီးသတ်တပ်ဖွဲ့တွေ သွားရောက် မီးငြှိမ်းသတ်ခဲ့ကြပြီး ဘယ်ကနေ မီးစလောင်တယ်ဆိုတာ မသိရသေးဘူးလို့ စစ်တွေမြို့ မြို့မရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားချိန်မှာ ပြဿနာတွေ တစုံတခုမဖြစ်ရအောင် လုံခြုံရေး တိုးမြှင့်ချထားပြီး မီးလောင်မှုဖြစ်ပွားရာကို သတင်းမီဒီယာများကို ဝင်ခွင့်မပြုခဲ့ဘူးလို့လည်း ရခိုင်စာပေယဉ်ကျေးမှုဂျာနယ် သတင်းထောက် ကိုဝင်းထိန်က ပြောပါတယ်။
သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ-ကျော်နိုင်လင်း