သမ္မတဦးထင်ကျော် နုတ်ထွက်မည့်သတင်း လုံးဝမဟုတ်မှန်ဟု သမ္မတရုံးပြောခွင့်ရသူပြောကြား
DVB
·
May 3, 2017
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကျန်းမာရေး မကောင်းလို့ ရာထူးက နုတ်ထွက်စာ တင်ထားတယ်ဆိုတဲ့ လူမှုကွန်ရက်မှာပျံ့နေတဲ့သတင်းတွေ မဟုတ်မှန်တဲ့အကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချပ် ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒါလုံးဝ မဟုတ်ပါဘူး။ ကျန်းမာရေးကောင်းပါတယ်။ နုတ်ထွက်စာတင်တာလည်း မဟုတ်ပါဘူး။ ”
အွန်လိုင်းမှာ ပြန့်နှံ့ခဲ့တဲ့စာနဲ့ပတ်သက်လို့ ဘယ်ကစလဲ၊ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်လဲဆိုတာကို သမ္မတရုံးအနေနဲ့ လေ့လာနေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီး သွားရောက်နေချိန်မှာ ခုလို သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပြီး အန်အယ်လ်ဒီပါတီက သူရဦးရွှေမန်းကို သမ္မတအဖြစ် တင်မြှောက်မယ်ဆိုတဲ့ ကောလာဟလ သတင်းတွေလည်း ပျံ့နှံနေပါတယ်။