Home
မြန်မာသတင်း
မြိတ်ခရိုင်တွင်း လျှပ်စစ်ဖြန့်ဖြူးရန် ဒေါ်လာ သန်း ၆၀ ရင်းနှီးမြှုပ်နှံမည်
DVB
·
May 3, 2017
မြိတ်ခရိုင်အတွင်း အရှေ့တောင်အထွေထွေ စွမ်းအင်နဲ့ လျှပ်စစ်ကုမ္ပဏီမှ လျှပ်စစ်ဖြန့်ဖြူးဖို့ ဒေါ်လာ သန်း ၆၀ ကျော် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ မြိတ်ခရိုင်အတွင်းရှိ နေရာ ၃ ခုတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသွားမှာဖြစ်သလို လျှပ်စစ်ထုတ်ယူဖို့လည်း ရေအား၊ နေအားနဲ့ FO တွေကိုအသုံးပြုသွားမယ်လို့ သိရတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး မြိတ်မြို့မှာ မေလ ၂ ရက်နေ့က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေကို တာဝန်ရှိသူများကလာရောက် တွေ့ဆုံရှင်းခဲ့ပါတယ်။ ရှင်းလင်းပွဲမှာ အဆိုပါကုမ္ပဏီ မန်နေဂျာ ဦးမောင်မောင်မြင့်က မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲက ပလောက်ချောင်းကနေ ရေအား လျှပ်စစ်ဓာတ်အားထုတ်ယူမှာဖြစ်ပြီး မီဂါဝပ် ၂၀ အထိ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။ FO နဲ့ "နေ"အား (ဆိုလာ)တွေကိုတော့ မြိတ်မြို့နယ်က တောထွက်ကြီးကျေးရွာမှာ စက်ရုံ တည်ဆောက် ထုတ်လုပ်သွားမှာဖြစ်ပြီး နှစ်ခုပေါင်း ၃၅ မီဂါဝပ်အထိ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်း ထားကြောင်း ပြောကြားခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ဖြန့်ဖြူးခွင့်အတွက် ဒေါ်လာ သန်း ၆၀ အထိရင်းနှီးမြုပ်နှံသွားမှာ ဖြစ်ပြီး လက်ရှိအနေထားမှာတော့ တိုင်းဒေသကြီးအစိုးရ ထံမှာ ခွင့်ပြုချက်တောင်းခံ ထားကြောင်း သိရပါတယ်။ တိုင်းဒေသကြီးအစိုးနှင့် MIC မှခွင့်ပြုချက်ရရှိလာပါ လုပ်ငန်းစတင်အကာင်ထည် ဖော်သွားမှာဖြစ် ကြောင်း MD ဦးမောင်မောင်မြင့်မှပြောကြားခဲ့ပါတယ်။ အခုတွေ့ဆုံမှုက စီမံကိန်းနဲ့ပတ်သက်ပြီး ကနဦး လာရောက်တွေ့ဆုံရှင်းလင်းတာဖြစ်ပြီး လုပ်ပိုင်ခွင့် ရရှိပါက ဒေသခံတွေနဲ့ ထပ်မံတွေ့ဆုံရှင်းလင်းပေးသွားဦးမယ်လို့ သိရပါတယ်။ မြိတ်ခရိုင်အတွင်းမှာ လက်ရှိ ကိုယ်ထူကိုယ်ထ အကူမီးလင်းရေးအဖွဲ့တွေထံက တစ်ယူနစ်ကို ကျပ် ၃၀၀ အထက်ဝယ်ယူကာသုံးစွဲနေရပြီး အဆိုပါ စီမံကိန်းအောင်မြင်ပါက တစ်ယူနစ်ကို ကျပ် ၃၀၀ အောက်မှာသာ အမြဲရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024