Home
မြန်မာသတင်း
မိုးညှင်းတွင် တရားမဝင် ဓာတုပစ္စည်းများဖမ်းမိ
DVB
·
May 3, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မေ ၁ ရက်နေ့ ည ၁၁ နာရီခွဲလောက်က ပေပါပုံးအတွင်းမှာ ဝှက်ပြီး သယ်ဆောင်လာတဲ့ ကျောက်မိုင်းခွဲရာမှာ အသုံးပြုတဲ့ ဖောက်ခွဲရေးယမ်း အစားထိုးပစ္စည်း အမိုနီယံ နိုက်ထရိတ်ဓာတုပစ္စည်းတွေကို ရှာဖွေ ဖမ်းမိခဲ့ပါတယ်။ ရဲအုပ်ညွန့်လှိုင်ဦးစီးအဖွဲ့မှ တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် မန္တလေးမှ ဖားကန့်ကို မောင်းနှင်လာတဲ့ နစ်ဆန်းအမျိုးအစား ၁၂ ဘီးယာဉ်အား စစ်ဆေးရှာဖွေရာ ပေပါ ၈၇ လုံးအတွင်းမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဖားကန့် ကျောက်စိမ်းတွင်းဒေသကို အမိုနီယံ နိုက်ထရိတ်တွေကို တရားမဝင် သယ်ယူမှု များပြားလာတာနဲ့ပတ်သက်လို့ ဒေသခံတဦးက “အမိုနီယံနိုက်ထရိတ်ဆိုတာ စိုက်ပျိုးရေး ကဏ္ဍမှာလည်း အသုံးပြုလို့ရတဲ့ ပစ္စည်းပါ။ ဖားကန့်ဒေသမှာတော့ အခြားသော ဓာတုဆေးတွေနဲ့ တွဲဖက်ပြီး မိုင်းတွင်းတွေမှာ အသုံးပြုတာ များပါတယ်။ ၆ သောင်းကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး ထက်ဝက်မက အမြတ်ထွက်တဲ့ ကုန်ပစ္စည်းဖြစ်တဲ့ အတွက် အခုလို တရားမဝင် သယ်ယူမှုတွေ များလာတာပါ”လို့ ပြောပါတယ်။ အခုလို အမိုနီယံနိုက်ထရိတ်တွေကို တရားမဝင် သယ်ဆောင်လာနဲ့ပတ်သက်လို့ ယင်းမာပင်မြို့နယ် ရင်ပေါင်ဆိုင်ရွာနေ အသက် ၄၁ အရွယ် ယာဉ်မောင်း ဘုန်းမြင့်နဲ့  နောင်ချိုမြို့နယ် ဈေးကုန်းနယ်မြေ အမှတ် (၁) နေ အသက် ၁၉ နှစ်အရွယ် ယာဉ်နောက်လိုက် သန်းအောင်ဇော်တို့ကို မိုးညှင်းမြို့မရဲစခန်းက ပို့/သွင်းဥပဒေပုဒ်မ-၈ နဲ့ အရေးယူ ဆောင်ရွက်ထားပါတယ်။ သတင်း - သီဟဆွေ(ကသာ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024