Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 3, 2017
ဖရဲသီး ၈၅၅ မူဆယ်ကုန်စည်ဒိုင်မှာ ဖရဲကားတွေ အဝင်နည်းနေတဲ့အတွက် ဈေးတွေက ပြန်လည်မြင့်တက်လာနေပါတယ်။ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ငွေကျပ် ၈သိန်း ၇သောင်း ၈ထောင် ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၃သောင်း ၈ထောင်ကျပ် ဈေးတက်လာပါတယ်။ မတ်ပဲ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ၁သောင်း ၉ထောင်ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ တန်ကို ၉သိန်း ၁သောင်း ၇ထောင်ကျပ် ပေါက်ဈေးရှိနေပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၂၀၀၀ ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးကတော့ ၁ တန်ကို ၆သိန်း ၃သောင်း ၃ထောင် ပေါက်ဈေးရှိနေပါတယ်။ ထောပတ်ပဲ ထောပတ်ပဲက ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁၇၅ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၁၂၂၀ ကျပ် ရှိပါတယ်။ ကုလားပဲ ကုလားပဲကတော့ ၁ ပိဿာကို ငွေကျပ် ၅၀ ဈေးကျသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၂၇၀၀ ပေါက်ဈေးရှိနေပါတယ်။ ကြက်သွန်ဖြူ ဧပြီလ တလလုံး ဈေးဆက်တိုက်တက်ခဲ့တဲ့ ကြက်သွန်ဖြူ(ကြူကုတ်)က ဒီတပတ်မှာတော့ ဈေးပြန်ကျနေပါတယ်။ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၆ ထောင် ရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၁၀၀ ဈေးကျဆင်းသွားပါတယ်။ အာလူး အာလူးက ၁ ပိဿာကို ဒီနေ့ ပေါက်ဈေးက ၂၀၀ ကနေ ၅၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၃၀  ဈေး ကျဆင်းသွားပါတယ်။ ငရုတ်ရှည် ငရုတ်ရှည်ကတော့ ၁ ပိဿာကို ၅၀ ကျပ်ဈေး ကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ၃၃၀၀ ကျပ် ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024