အိန္ဒိယတွင် နွားခိုးသတ်သူ ၂ ဦးကို အုပ်စုဖွဲ့ရိုက်သတ်မှု ဖြစ်ပွား

ဓာတ်ပုံ - ပီတီအိုင်
810
အိန္ဒိယနိုင်ငံမှာ နွားခိုးသတ်ခဲ့တဲ့ လူ ၂ ဦးကို အုပ်စုဖွဲ့ရိုက်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလို အုပ်စုဖွဲ့ရိုက်သတ်မှုဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ် နာဂါယုံရွာလေးမှာ ဖြစ်ပွားခဲ့တာပါ။
လူအယောက် ၂၀ လောက်ဟာ နွားခိုးမှုနဲ့ သံသယရှိတဲ့ လူငယ် ၂ ဦးကို တုတ်တွေနဲ့ ဝိုင်းရိုက်နှက်ခဲ့ပါတယ်။
အဲဒီရိုက်နှက်မှုနဲ့ပတ်သက်ပြီး နာဂါယုံစခန်းမှူးက “အခင်းဖြစ်တဲ့နေရာကို ရဲတွေရောက်သွားတော့ ဒဏ်ရာပြင်းထန်တဲ့ လူ ၂ ယောက်ကို တွေ့ပါတယ်။ ရဲတွေက သူတို့ကို ဆေးရုံပို့လိုက်ပါတယ်။ ကျနော်တို့ ဆေးရုံရောက်တော့ သူတို့ဆုံးပြီဆိုတာ သိခဲ့ရပါတယ်” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အာဏာရ ဘီဂျေပီပါတီ ခေါင်းဆောင်က "နွားတွေကို စောင့်ရှောက်သင့်ပါတယ်ဗျာ။ အိန္ဒိယက နွားကို အလေးအမြတ်ထားပြီး လက်ခ်ျမီးမယ်တော်လို သဘောထားတဲ့နိုင်ငံပါ။ ဒါပေမယ့် ကိုယ့်သဘောနဲ့ကိုယ် တရားစီရင်တာမျိုးက မဖြစ်သင့်ပါဘူး။ နွားသူခိုးတွေကို ရဲလက် တန်းအပ်သင့်ပါတယ်။ ရဲတွေအရေးယူမှာပေါ့ဗျာ” လို့ ပြောပါတယ်။
အဲဒီလို ဝိုင်းရိုက်နှက်မှုနဲ့ မေလ ၁ ရက်နေ့က လူ ၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဟိန္ဒူယဉ်ကျေးမှုမှာ နွားတွေကို အလေးအမြတ်ထားကြပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမဲသားတင်ပို့မှု အများဆုံးနဲ့ ပဉ္စမမြောက် အမဲသားစားသုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။