A d v e r t i s e m e n t With Us

သင်္ဘောသီးထောင်းပြသည့် ထိုင်းလှပျိုဖြူ ရုပ်သံ ကြည့်ရှုသူပရိသတ် ၇ သန်းရှိပြီ (ရုပ်သံ)

ထိုင်းနိုင်ငံမှာ အပေါ်ပိုင်းရင်သားတွေကို ဖော်ကာ သင်္ဘောသီးထောင်းပြခဲ့တဲ့ မိန်းကလေးတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဝင်ရောက်ကြည့်ရှုသူ ၇ သန်းရှိနေခဲ့ပါပြီ။ အရသာရှိပြီး စပ်တဲ့ သင်္ဘောသီးထောင်းဟာ ထိုင်းရိုးရာ အစားအစာတမျိုးဖြစ်ပြီး အချိန်စက္ကန့် ၂၀ လောက်သာကြာမြင့်တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီမိန်းကလေးရဲ့ ပြင်ဆင်လှုပ်ရှားမှုတွေကို တွေ့မြင်ရမှာပါ။ နာရူမွန် ယာဆာချိုင်ဆိုတဲ့ အမည်နဲ့ သုံးတဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာတော့ သူ့ကိုယ်သူ “နောင်တင်-အစ်ဆန်အလှ” လို့ ဖော်ပြထားခဲ့တာပါ။ ဒါပေမယ့် ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုသူတွေဟာ သူ့ရဲ့ သင်္ဘောသီးထောင်းနည်းထက် ဘာတွေကို ပိုစိတ်ဝင်စားနေကြသလဲဆိုတာကို မှတ်ချက်တွေအများအပြားမှာ တွေ့မြင်နိုင်ပါတယ်။ ဂျိုးဆက်ပ်လိုင်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးကတော့ “ရိုးရိုးသားသားပြောရရင် မင်းရဲ့ ရင်သားတွေ အရမ်းလှတာပဲ” လို့ မှတ်ချက်ရေးခဲ့တာကို တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up