တစညပါတီက အလုပ်သမားအဖွဲ့ရုံးနေရာ ဂရန်နာမည်ပေါက်လွှဲပြောင်းရယူသည့်အပေါ် ဆန္ဒပြ
DVB
·
May 3, 2017
ဟုမ္မလင်းမြို့ ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့ရုံးနေရာကို တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး(တစည)ပါတီက နှစ် ၃၀ ဂရန်မြေနာမည်ပေါက် လွှဲပြောင်းရယူခဲ့တဲ့အတွက် နေရာ ပြန်လည်ရရှိရေး ဒီနေ့ မနက်ပိုင်းက ဆန္ဒပြနေကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့ရုံးနေရာကို ဟုမ္မလင်းမြို့ တစညပါတီကနေ နှစ်သုံးဆယ် ဂရန်မြေနာမည်ပေါက် လွှဲပြောင်းရယူသွားတဲ့ အတွက် နေရာပြန်လည်ရရှိရေးအတွက် မေ ၃ ရက်နေ့ မနက် ၉ နာရီမှစတင်ကာ မြို့ပတ်ပြီး ဆန္ဒပြ ခဲ့ကြတာပါ။
တစညပါတီအနေနဲ့ ရုံးခန်းဖွင့်လှစ်ဖို့ မြေနေရာအခက်အခဲကြောင့် အလုပ်သမားတွေ နားနေဆောင်ရဲ့ အပေါ်ထပ်ကို ခေတ္တရုံးအဖြစ် ဖွင့်ခွင့်ပေးခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး ရှုံးရင်ဖြစ်နေ၊ နိုင်ရင်ဖြစ်စေ ရွှေ့ပြောင်းပေးမယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ သဘောထားရယူတာ မရှိဘဲ ဂရန်မြေဖောက် ပြုသွားတာဖြစ်တယ်လို့ ဦးဆောင်ဆန္ဒပြသူတွေက ပြောပါတယ်။