ချစ်သူမိန်းကလေးနှင့် ညဘက်လျှောက်လည်သည့် ရဲအရာရှိ အုပ်စုဖွဲ့ ရိုက်နှက်ခံရ (ရုပ်သံ)

1.1K
ချစ်သူမိန်းကလေးနှင့် ညဘက်လျှောက်လည်သည့် ရဲအရာရှ...
ထိုင်းနိုင်ငံ၊ ပတ္တယားမြို့မှ ရဲအရာရှိ အမျိုးသားတဦးဟာ ချစ်သူမိန်းကလေးနဲ့ ညဘက်လျှောက်လည်ချိန်မှာ အမျိုးသားအုပ်စုတစုရဲ့ အုပ်စုဖွဲ့ ရိုက်နှက်တာကို ခံခဲ့ရတယ်လို့ တီနယူးစ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။
နပ်သဝပ် ခရူရာထောင်သီအော် အမည်ရတဲ့ အဲဒီရဲအရာရှိဟာ သူ့ရဲ့ မော်တော်ဆိုင်ကယ်နဲ့ ဘားတခုကနေ ပြန်ဖို့ ပြင်ဆင်နေချိန်မှာ လက်သီးနဲ့ ထိုးနှက်တိုက်ခိုက်ခံခဲ့ရတာပါ။
သူက ချစ်သူမိန်းကလေးနဲ့ ညဘက်လျှောက်လည်ခဲ့ပြီး ဘားတခုထဲမှာ လူတယောက်က သူ့အနားကို ရောက်လာခဲ့ကာ “ငါ့သူငယ်ချင်းကို ဖမ်းခဲ့တဲ့ကောင် မဟုတ်လား” လို့ မေးခဲ့ကြောင်း ဆိုပါတယ်။
အဲဒီနောက်တော့ ဘာမှမဖြစ်ခဲ့ဘဲ သူတို့ဟာ ဘားကပြန်ဖို့ ဆိုင်ကယ်ရပ်ထားတဲ့ဆီ ရောက်ချိန်မှာတော့ သူ့ကို အဲဒီအမျိုးသားပါဝင်တဲ့ လူအုပ်စုက ထိုးနှက်တိုက်ခိုက်ခဲ့ကြတာပါ။
ဒီဖြစ်ရပ်မှာ ရဲဘက်ကလူတွေ ရောက်လာခဲ့ချိန်မှာတော့ ဂျက်ကရာဖန် မနိုသီရာခွန် အမည်ရတဲ့ အမျိုးသားတဦးကို ဖမ်းမိခဲ့ပြီး နသဖောင် နမ်ဆမ်ထောင်နဲ့ တခြားပါဝင်သူတွေကတော့ ထွက်ပြေးသွားခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သူ့ကို ခုလိုတိုက်ခိုက်ခဲ့သူတွေဟာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က မူးယစ်ဆေးဝါးမှုနဲ့ ဆက်စပ်ဖမ်းဆီးခဲ့သူတွေနဲ့ တအုပ်စုတည်းဖြစ်တယ်လို့ နပ်သဝပ် ခရူရာထောင်သီအော်က ပြောပါတယ်။