Home
မြန်မာသတင်း
အင်းတော်တွင် မှောင်ခိုနွား ၁၂ ကောင်နှင့်အတူ မောင်းနှင်သူ လူ ၅ ဦး ဖမ်းမိ
DVB
·
May 3, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အောင်းကုန်းကျေးရွာအနီးမှာ မေလ ၃ ရက်နေ့ မနက် ၂ နာရီခွဲလောက်က တရားမဝင် မှောင်ခိုနွားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ကသာခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ တာဝန်ရှိသူတွေ၊ အင်းတော်မြို့မရဲစခန်း၊ မော်တိတ် ရဲကင်းစခန်း တာဝန်ရှိသူတွေ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ အောင်းကုန်းကျေးရွာအနီး တောလမ်းမှာ သတင်းအရ စောင့်ဆိုင်းနေစဉ် အလယ်ဆိပ် ကျေးရွာဘက်မှ မောင်းလာတဲ့ မှောင်ခိုနွားတွေကို ဖမ်းဆီးရမိခဲ့တာပါ။ မှောင်ခိုနွားတွေကို မောင်းလာသူ လူ ၅ ဦးနဲ့အတူ တရားမဝင် မှောင်ခိုနွား ၁၂ ကောင် ကာလတန်ဖိုးငွေ ကျပ်သိန်း ၈၀ ကျော်ဖိုးခန့် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ အခုဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်ဒေသ ဈေးကွက်မှာ မှောင်ခိုနွားတွေ ဈေးကောင်း ရရှိလာတဲ့အတွက် ဒေသတွင်းမှာ နွားဈေးကွက် မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခွင့်ပြုချက် စာရွက်စာတမ်း အထောက်အထား ပြသနိုင်ခြင်း မရှိဘဲ မှောင်ခိုနွားတွေ မောင်းလာတာနဲ့ပတ်သက်လို့ စိုးမောင်၊ အောင်ကိုထူး၊ သန်းနိုင်၊ ဝင်းနိုင်၊ ဖိုးထွန်း အင်းတော်မြို့နယ်၊ ဝန်းသိုမြို့နယ်နဲ့ မိုးညှင်းမြို့နယ်နေ လူ ၅ ဦးကို အရေးကြီး ကုန်စည် ဥပဒေပုဒ်မ ၅ အရ အင်းတော်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - သီဟဆွေ(ကသာ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024