A d v e r t i s e m e n t With Us

ဖမ်းဆီးခံ ကျောင်းသား ၄ ဦး ရုံးထုတ်

ဧပြီလ ၂၆ ရက်နေ့က  ဆန္ဒပြလို့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတဲ့ စစ်ကိုင်းပညာရေးကျောင်းသား ၄ ယောက်ကို ဒီကနေ့ နေခင်းပိုင်းက ချမ်းအေးသာဇံတရားရုံးမှာ  ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုမှာ လိုပြသက်သေတွေ မရှိတော့တဲ့အတွက် လာမယ့် ၉ ရက်နေ့ ရုံးချိန်းမှာ အမိန့်ချမှတ်မှာဖြစ်တယ်လို့ တရားရုံးထုတ်ရာ လိုက်ပါနားထောင်ခဲ့တဲ့ ဒေသခံ ကိုစိုးမိုးထွန်းက ပြောပါတယ်။ “အမှန်တကယ်က ပြီးခဲ့တဲ့ ရုံးထုတ်မှာက သက်သေ ၇ယောက်ကို ပယ်လိုက်တာပေါ့။ ဒီနေ့ကို အမိန့်ချမယ်လို့ပြောပြီး တရားသူကြီးက နယ်မြေအပြောင်းအရွှေ့ဖြစ်တော့ အမိန့်မချတော့ဘူးပေါ့။ အမိန့်မချဘဲ နောက် ၉ ရက်ကို ပြန်ချိန်းလိုက်တယ်။ ချိန်းလိုက်တော့ တရားသူကြီးပြောပုံအရ သက်သေတွေက မရှိတောဘူး။ဆိုတော့ အမိန့်ချမှတ်ဖို့ပဲ လိုတော့တယ်။” စစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသား ၂ ဦးက စစ်တပ်ပုံစံ ဖိနှိပ်အုပ်ချုပ်မှု အလိုမရှိဆိုပြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀၊ ၃၄ x ၃၅ လမ်းကြားရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှေ့ ဧပြီလ ၂၆ ရက်နေ့က ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြပြီး ၁၅ မိနစ်လောက်အကြာမှာပဲ ရဲက သူတို့ကို ဖမ်းဆီးခဲ့သလို သူတို့ကို ကူညီပေးတဲ့ နောက်ထပ် ၀န်းရံဗကသ ကျောင်းသား ၂ ဦးကိုပါ ဖမ်းဆီးစစ်ဆေးပြီး ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up