Home
မြန်မာသတင်း
ပြည်မြို့တွင် နေအိမ် ၃ လုံး မီးလောင်
မင်းညို
·
May 2, 2017
ပဲခူးတိုင်း၊ ပြည်မြို့မှာ မေလ ၂ ရက်နေ့ နေ့လယ် ၂ နာရီလောက် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ပြည်မြို့ ရွာဘဲရပ်ကွက် ကန်လမ်းမှာ လတ်တလော လူမရှိတဲ့ နေအိမ် တအိမ်ကနေ စတင်လောင်ကျွမ်းခဲ့ပြီး အိမ် ၃ လုံး လောင်ကျွမ်းခဲ့ပြီး နောက်ထပ်အိမ် ၄ လုံးကိုပါ ကူးစက်ခဲ့တာပါ။ “လောင်ကျွမ်းမှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရှိမှုတော့ မရှိပါဘူး အိမ်တွေ အများစုက ထရံ၊ သက်ငယ်တွေ၊ သစ်သားတွေနဲ့ တည်ဆောက်ထားကြတာ။ အခု အိမ်က လူတွေက တယောက်မှ မရှိကြဘူး။ အကုန်လုံး ဘုန်းကြီးကျောင်းမှာ။ အိမ်ကလည်း ပိတ်ထားတာ။ ဘယ်က စလောင်မှန်းတော့ မသိသေးဘူး။ ရွှေဆံတော်ဘုရားပေါ်ကနေ မီးခိုးတွေ စတွေ့လို့ လူတွေ အော်လို့ သိတာ”လို့ မီးမကူးဘဲ ကျန်ခဲ့တာက ကပ်ရက်အိမ်က ကိုအောင်က ပြောပါတယ်။ ကျောင်းကြီးအိုးတန်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့က တပ်ကြပ်ကြီး ကိုအောင်နိုင်ထွန်းက “မြို့နယ်က မီးသတ်ကားတွေနဲ့ ရပ်ကွက်အရန်မီးသတ်ကား ၁၀ ကျော် နဲ့ ငြှိမ်းသတ်ခဲ့ပြီး ဘယ်လို စတင်လောင်ကျွမ်းသလဲဆိုတာတော့ မီးငြိမ်းပြီးမှပဲ သိရတယ်။ ကျနော်တို့ မီးခိုးလုံးကြီးတွေ တွေ့ပြီး ၃ မိနစ်အတွင်းမှာပဲ ပထမဆုံး ရောက်ခဲ့တာပါ။ အိမ် ၃ လုံး” လို့ ဒီဗွီဘီကို ပြောပါတယ်။ မီးလောင်ဆုံးရှုံးမှုနဲ့ပတ်သတ်ပြီး စာရင်းလုပ်နေဆဲ ဖြစ်တာကြောင့် အတိအကျ သတင်းထုတ်ပြန်ဖို့ကို စောင့်ရဦးမယ်လို့ ပြည်ခရိုင် မီးသတ်တပ်ဖွဲ့ရုံးက သိရပါတယ်။ မီးလောင်မှုက နေ့လယ် ၃ နာရီခန့်မှာ ရပ်တန့်နိုင်ခဲ့ပေမယ့် နေ့လယ် ၃ နာရီခွဲကျော်အထိ မီးကြွင်းမီးကျန်တွေကတော့ ငြှိမ်းသတ်နေဆဲပါပဲ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024