အင်နီယေစတာနေရာ ဆက်ခံနိုင်မည့် ကစားသမားကို ဘာစီလိုနာ ရှာဖွေနေ
ဘာစီလိုနာအသင်းဟာ အင်နီယေစတာနေရာ ဆက်ခံနိုင်ဖို့ ကစားသမား ရှာဖွေနေပါတယ်။
လီဗာပူးလ်ရဲ့ ကော်တင်ဟို၊ ပီအက်စ်ဂျီရဲ့ ဗာရတီတို့ကို ချဉ်းကပ်ခဲ့ပြီး မန်ယူကွင်းလယ်ကစားသမား ဟာရဲရားကိုလည်း စဉ်းစားနေတယ်လို့ စပိန်သတင်းဌာနတခုကို ကိုးကားပြီး Express သတင်းမှာ ဖော်ပြထားပါတယ်။
ဘာကာဥက္ကဋ္ဌက ဟာရဲရားရဲ့ ကစားပုံဟာ ဘာစီလိုနာနဲ့ ကိုက်ညီမှုရှိတယ်လို့ ယုံကြည်ကြောင်း ပြောကြားထားတယ်လို့ ရေးသားထားပါတယ်။
အသက် ၂၇ နှစ်အရွယ် စပိန်လက်ရွေးစင် ဟာရဲရားဟာ လက်ရှိအချိန်မှာ မော်ရင်ဟို အားကိုးရတဲ့ အဓိက ကစားသမား ဖြစ်နေပါတယ်။
သူဟာ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၁ ဂိုးသွင်းပြီး ၃ ဂိုး ဖန်တီးပေးခဲ့ပါတယ်။
ဟာရဲရားဟာ ၂၀၁၄ ခုနှစ်က စပိန်ကလပ် ဘီလ်ဘာအိုအသင်းကနေ ပေါင် ၂၉ သန်းနဲ့ မန်ယူအသင်းကို ရောက်ရှိလာခဲ့ပြီး ပွဲ ၈၀ ကျော်ကစားထားကာ ၁၀ ဂိုး သွင်းပေးထားပါတယ်။