ကန်တော်ကြီးငါးပြတိုက်ဟောင်းနေရာတွင်ဆောက်လုပ်မည့် မိုးပျံပူဖောင်းစီမံကိန်းကို ဆန္ဒပြ
ဆုဆုသွယ်
·
May 2, 2017
ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာမှာ ဆောက်လုပ်နေတဲ့ မိုးပျံပူဖောင်း စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူတွေက ပထမတကြိမ်ကန့်ကွက်ဆန္ဒပြခဲ့ပေမယ့် စီမံကိန်း ဆက်လက် ဆောက်လုပ်နေတဲ့တွက် ဒုတိယ အကြိမ်မြောက် ကန့်ကွက် ဆန္ဒပြပွဲ ဒီနေ့ မနက်ပိုင်းက စီမံကိန်း လုပ်ဆောင်နေတဲ့ မြေနေရာမှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်မှုကိုတော့ ကန်တော်ကြီးပန်းခြံအတွင်း နေ့စဉ် လာရောက် အားကစား ပြုလုပ်နေသူဦးရေ ၁၀၀ ကျော်က ပါဝင် ဆန္ဒထုတ်ဖော်ခဲ့တာပါ။
အဲဒီစီမံကိန်း တည်ဆောက်နေတဲ့အပေါ် ပြည်သူတွေက မလိုလားတာကြောင့် စီမံကိန်း ရပ်ဆိုင်းနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်အတွင်း ဆွေးနွေးဖို့အဆို တင်သွင်းထားပေမယ့် လက်ရှိ အချိန်အထိ ဆွေးနွေးခွင့် မရရှိနိုင်သေးဘူးလို့ သိရပါတယ်။