A d v e r t i s e m e n t With Us

အမေရိကန်တွင် သေနတ်ကိုင် ရမ်းကားပစ်ခတ်ခဲ့သူကို ရဲက အသေပစ်ခတ်ဖမ်းဆီး

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုမြို့မှာ သေနတ်ကိုင်ရမ်းကားပစ်ခတ်ခဲ့သူကို ရဲက အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဧပြီ ၃၀ ရက်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့ လူနေအဆောက်အအုံတခုဘေးက ရေကူးကန်မှာ ဘီယာပုလင်းကိုင်ထားတဲ့ လူ ၁ ဦးက တခြား လူ ၇ ဦးကို သေနတ်နဲ့ ပစ်ခဲ့တာပါ။ ဆန်ဒီယေဂိုရဲဌာန ပြောရေးဆိုခွင့်ရှိသူက သေနတ်သမားဟာ ရဲတွေကို သေနတ်နဲ့ ချိန်ပြီးတဲ့နောက်မှာ အသေပစ်ခတ်ခဲ့ရတယ်လို့ ပြောပါတယ်။ ပစ်ခတ်မှုဟာ လူကုံထံတွေနေတဲ့ ဆန်ဒီယေဂိုမြို့ရဲ့ ပင်လယ်ကမ်းစပ်နားက လာဟိုးယရပ်ကွက်မှာ ဖြစ်ခဲ့တာပါ။ ပစ်ခတ်ခံရသူတွေထဲက အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ကျန်တဲ့သူတွေလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တယ်လို့ သိရပါတယ်။ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ သေနတ်သမား ပီတာဆဲလစ္စဟာ ဘာကြောင့် အခုလို ပစ်ခတ်မှု ကျူးလွန်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ လူဖြူဖြစ်တဲ့ ပီတာဆဲလစ္စ ပစ်ခတ်ခဲ့သူတွေဟာ လူမည်းအမျိုးသမီး ၁ ဦး၊ လူမည်း အမျိုးသား ၂ ဦးနဲ့ အမေရိကနနိုင်ငံသား စပိန်လူမျိုး ၁ ဦးတို့ ဖြစ်တယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up