Home
မြန်မာသတင်း
စမ်းသပ်ရေနံတွင်းများ ရပ်တန့်ပေးရန် ဆန္ဒပြတောင်းဆို
မင်းညို
·
May 2, 2017
စမ်းသပ်ရေနံတွင်းတွေ ရပ်တန့်ပေးဖို့အတွက် ပန်တောင်းမြို့နယ်ထဲက ကျေးရွာတွေစုပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ မေလ ၂ ရက်နေ့က ပန်းတောင်းမြို့နယ်ထဲက ဆွယ်တော်၊ သီးကုန်း၊ ညောင်ကုန်း၊ ရေဝင်၊ ရွှေညီနောင်၊ ကုက္ကိုကုန်း၊ ဗြူးကုန်းအုပ်စု၊ နတ်မောက်၊ ဒေါင်းမြတ်နား၊ လောင်ဇလီ၊ သဲကုန်း၊ ရေမနောက် စတဲ့ ကျေးရွာတွေက ကန့်ကွက် ဆန္ဒပြကြတာပါ။ အဲဒီရေနံစမ်းသပ်တွင်းတွေကို MOGE နဲ့ ရုရှား-အိန္ဒိယ ကုမ္ပဏီတွေက စပ်ကန်ထရိုက်တွေနဲ့ ပြုလုပ်တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လဆန်းကနေ စီမံကိန်း စတင်ခဲ့တာပါ။ ဒီစီမံကိန်းက ပန်းတောင်းမြို့နယ်ထဲက ကျေးရွာအုပ်စု ၁၆ စုမှာ ပြုလုပ်မှာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဘူးဖတ်ကျေးရွာနဲ့ ရပ်သာကျေးရွာတွေမှာတုန်းကလည်း ဒေသခံတွေ ဝိုင်းဝန်းကန့်ကွက်တာကြောင့် စီမံကိန်း ရပ်တန့်ပေးလိုက်ရပြီး မကွေးတိုင်း၊ ကံမမြို့နယ်ထဲက ဆွယ်တော်ကျေးရွာနဲ့ အလယ်ရွာတွေမှာလည်း ရေနံတွင်းတွေ အပြင်အထိ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ အခု ကျေးရွာတွေမှာလည်း ဒေသခံတွေရဲ့ လယ်တွေ၊ ယာတွေထဲမှာ တောင်သူတွေ ခွင့်ပြုချက်မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ခွင့်ပြုချက်တွေနဲ့ပဲ စပ်းသပ်တွင်းတွေ တူးခဲ့ကြပြီး ရွာထဲ၊ အိမ်ကွက်တွေ၊ ခြံတွေထဲအထိ လိုင်းကြိုးကြီးတွေ ကျူးကျော် သွယ်တန်းထားတာကြောင့် ဒေသခံတွေက ကလေးငယ်တွေ အန္တရာယ်ဖြစ်မှာကို လည်း စိုးရိမ်နေရတယ်လို့ ဆွယ်တော် ကျေးရွာက ကိုသန်းဦးက ဒီဗွီဘီကို ရှင်းပြပါတယ်။ ဒီဆန္ဒပြပွဲကို ပန်းတောင်းမြို့နယ် နတ်မောက်ကျေးရွာကနေ လူစုပြီး ၂ မိုင်ခန့်ဝေးတဲ့ ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့အထိ လူအင်အား ၇၀၀ ကျော်ခန့်နဲ့ ကြွေးကြော် ဆန္ဒပြကန့်ကွက်ခဲ့ကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024