A d v e r t i s e m e n t With Us

တက္ကဆက်ပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်၊ အနည်းဆုံး ၄ ဦး သေဆုံး (ရုပ်သံ)

တက္ကဆက်ပြည်နယ်အရှေ့ဘက် ခရိုင် ၂ ခုမှာ ဧပြီ ၂၉ ရက် ညနေပိုင်းက လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးခဲ့သူ အရေအတွက်ဟာ ဒီ့ထက်တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါးလက်စ်မြို့ရဲ့ အရှေ့ဘက် မိုင် ၆၀ လောက်အကွာက ကန်တုံမြို့မှာ လေဆင်နှာမောင်း ၃ ခု တိုက်ခတ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံ မိုးလေဝသဌာနက အတည်ပြု ပြောကြားခဲ့ပါတယ်။ လေဆင်နှာမောင်းဒဏ်ခံခဲ့ရသူ ၁ ဦးက သူတို့ဟာ ခန်းမကျယ်ထဲမှာ စုထိုင်နေကြတာဖြစ်ပြီး အိမ်ခေါင်မိုးက သူတို့ပေါ် ပြုတ်ကျခဲ့တယ်လို့ ပြောပါတယ်။ မုန်တိုင်းငြိမ်သွားလို့ အပြင်ထွက်လာတဲ့အချိန်မှာ သူတို့ရဲ့ ၃ ထပ်အိမ်က အောက်ဆုံးထပ်ထိ ပြိုကျနေပြီး အိမ်ခေါင်မိုး တဝက်လောက်က လေဆင်နှာမောင်းထဲ ပါသွားပြီလို့ ပြောခဲ့ပါတယ်။ “အိမ်က ကျနော်တို့တည့်တည့်ပေါ် ပြိုကျတာ။ အမိုးရော အကုန်လုံးပြိုကျလာတော့ ကျနော်နဲ့ နောက်တယောက်က ကလေးတွေကို ကာပေးထားရတယ်” လို့ လေဆင်နှာမောင်းဒဏ်ခံခဲ့ရသူ နောက်တဦးက ပြောပါတယ်။ လေဆင်နှာမောင်းကြောင့် မှောက်လဲပျက်စီးနေတဲ့ ကားတွေ၊ လဲသွားတဲ့ သစ်ပင်တွေအပြင် ဓာတ်အားလိုင်းတိုင်တွေပါ လဲကျခဲ့တာ တွေ့ရပါတယ်။ အိမ်တွေလည်း ပျက်စီးခဲ့ပြီး လမ်းတွေပေါ်မှာ အပျက်အစီးတွေနဲ့ ပိတ်ဆို့လျက်ရှိနေတာကို တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up