A d v e r t i s e m e n t With Us

မန္တလေး မီးသတ်တပ်ဖွဲ့များ စုပေါင်းသွေးလှူ  – ( ဓာတ်ပုံ)

မေ ၅ ရက်နေ့ ကျရောက်မယ့် ၇၁ နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့မနက်က မန္တလေးမြို့ ဗဟိုမီးသတ်စခန်းရှိ မျှော်စင်မှာ ဆိုင်းဘုတ်တင် အခမ်းအနားကို မန္တလေးတိုင်း ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါ့အပြင် သွေးလှူရှင် သန္ဓေ၊ အရန် ၁၅၀ က မန္တလေး ဗဟိုသွေးလှူဘဏ်ကို သွေးအိတ် ၁၅၀ လှူဒါန်းခဲ့ကြပါတယ်။ အခမ်းအနားကို ဒုညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်၊ မန္တလေးခရိုင် အရန်ကြီးကြပ်မှုကော်မတီဝင်တွေ၊ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်တွေ၊ မန္တလေးခရိုင်တွင်းရှိ မြို့နယ်မှူးတွေနဲ့ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up