Home
သတင်းဓာတ်ပုံ
လယ်ယာမဲ့ တောင်သူ ၉၀ ကျော်ကို လယ်ဧက ၂၀၀ စစ်ကိုင်းတိုင်းအစိုးရပေးအပ်
DVB
·
May 1, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ထဲက ကျေးရွာတွေမှာနေထိုင်တဲ့ လယ်မဲ့ယာမဲ့ တောင်သူ ၉၀ကျော်အတွက်  တိုင်းဒေသကြီး အစိုးရအဖွဲ့က  လယ်ဧက ၂၀၀ကို ပထမဆုံးအကြိမ် ဖော်ထုတ် ပေးအပ်လိုက်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေနဲ့ မြေလွတ်မြေရိုင်းဧက (၂၀၀)ကို စိုက်ပျိုးမြေအဖြစ်ဖော်ထုတ်ပြီး ကသာမြို့နယ် မိုးတားကြီး၊ ချောင်းဝနဲ့ နောင်ပင်ကျေးရွာတွေက လယ်ယာမဲ့တောင်သူ ၉၂ ဦးထံ အခမ်းအနားနဲ့ ပေးအပ်လိုက်တာလို့ တိုင်းအစိုးရ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပါတယ်။ ဓာတ်ပုံ- စစ်ကိုင်းတိုင်းအစိုးရ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024