A d v e r t i s e m e n t With Us

လယ်ယာမဲ့ တောင်သူ ၉၀ ကျော်ကို လယ်ဧက ၂၀၀ စစ်ကိုင်းတိုင်းအစိုးရပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ထဲက ကျေးရွာတွေမှာနေထိုင်တဲ့ လယ်မဲ့ယာမဲ့ တောင်သူ ၉၀ကျော်အတွက်  တိုင်းဒေသကြီး အစိုးရအဖွဲ့က  လယ်ဧက ၂၀၀ကို ပထမဆုံးအကြိမ် ဖော်ထုတ် ပေးအပ်လိုက်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေနဲ့ မြေလွတ်မြေရိုင်းဧက (၂၀၀)ကို စိုက်ပျိုးမြေအဖြစ်ဖော်ထုတ်ပြီး ကသာမြို့နယ် မိုးတားကြီး၊ ချောင်းဝနဲ့ နောင်ပင်ကျေးရွာတွေက လယ်ယာမဲ့တောင်သူ ၉၂ ဦးထံ အခမ်းအနားနဲ့ ပေးအပ်လိုက်တာလို့ တိုင်းအစိုးရ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပါတယ်။ ဓာတ်ပုံ- စစ်ကိုင်းတိုင်းအစိုးရ

A d v e r t i s e m e n t With Us

More News
Up