A d v e r t i s e m e n t With Us

သီပေါမြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်၊ ​လူ​နေအိမ်​များပျက်​စီးဆုံးရှုံး

ရှမ်းပြည်​နယ်​​မြောက်​ပိုင်း သီ​ပေါမြို့နယ်​ နမ့်​လန်​လမ်းခွဲ နားမ​ခေါ်ရွာမှာ မနေ့ညနေက လေပြင်း ဝင်​​ရောက်​ခဲ့တာကြောင့် ​နေအိမ်​ ၃၇အိမ်​လောက်နဲ့ စာသင်ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးသွား​တယ်​လို့ ဒေသခံတွေထံက သိရပါတယ်။ သီ​ပေါအခြေစိုက် နယ်​စီးမခြားပရဟိတအဖွဲ့က ကိုမျိုးက " ထိခိုက်​မှု အ​သေးအကြီး အကုန်​လုံး​ပေါင်း ၃၇အိမ်​ ပျက်​စီးသွားတယ်​။ အဓိကက​တော့ အမိုး​တွေ အကုန်​လန်​သွားတာ။ လူထိခိုက်​တာ​တော့ မရှိဘူး။ အဆိုးဆုံးက​တော့ စာသင်​​ကျောင်း ​တော်​​တော်​ထိခိုက်​သွားတယ်​။ ထိခိုက်​သွားတဲ့ အိမ်​​တွေရဲ့ လူဦး​ရေက​တော့ ၁၂၅​ယောက်​​လောက်​ရှိတယ်​ ။ ခန့်​မှန်း​ပေါ့" လို့ ​ပြောပါတယ်​။ လေပြင်း ဝင်​​ရောက်​တိုက်ခတ်ချိန် ၁၀မိနစ်​ခန့်​သာ ကြာခဲ့​ပေမယ့်​ ပြင်းထန်​တဲ့အတွက်​ ​နေအိမ်​တွေပျက်​စီးခဲ့ရတာဖြစ်ပြီး လူတွေ ထိခိုက်​ဒဏ်ရာရတာတော့မရှိဘူးလို့ သိရပါတယ်​။ ပျက်​စီးဆုံးရှုံးသွားတဲ့ စာသင်​​ကျောင်း ​ခေါင်​မိုးပြင်ဆင်ဖို့အတွက်​ ပရဟိတ အဖွဲ့က စီစဉ်နေပြီး အလှူရှင်​တွေ လိုအပ်​နေပါတယ်​။ သတင်း - နိုင်​နိုင်

A d v e r t i s e m e n t With Us

More News
Up