A d v e r t i s e m e n t With Us

စပိန်တွင် လေယာဉ်ငယ်တစီးပျက်ကျ၊ လူ ၃ ဦး သေဆုံး

စပိန်နိုင်ငံ မာလာဂါဒေသ အစိုးရက လေယာဉ်ငယ်တစီးပျက်ကျပြီး လူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဧပြီ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ လေယာဉ်ငယ်ဟာ ဧပြီ ၂၉ ရက်နေ့က မာလာဂါမြို့ရဲ့ အရှေ့မြောက်ဘက် အယ်ကောင်စင်းမြို့ ကုန်းမြင့်ဒေသမှာ ပျက်ကျခဲ့တာလို့ သိရပါတယ်။ “ကျနော်တို့ ၁ ညလုံး ရှာဖွေရေးလုပ်နေကြတာ။ မြူနှင်းတွေ အရမ်းကျလာတော့ ရပ်လိုက်ပြီး ခုမနက် မြူတွေပျောက်သွားမှ ဆက်ရှာရတယ်လို့” စပိန်ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စပိန်အရေးပေါ်ကယ်ဆယ်ရေးဌာနက ရဟတ်ယာဉ် အသုံးပြုပြီး သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို သယ်ယူခဲ့ပါတယ်။ သေဆုံးသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ မသိရသေးဘဲ အပျက်အစီးတွေကြားမှာ ဂျာမန် ပတ်စ်ပို့တွေ တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပြီး လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up