ယူကေတွင် အကြမ်းဖက်သမားသံသယရှိ အမျိုးသမီးကို ပစ်ခတ်ဖမ်းဆီး (ရုပ်သံ)

441
ယူကေနိုင်ငံမှာ ပထမဦးဆုံး အကြမ်းဖက်သမားလို့ သံသယရှိတဲ့ အမျိုးသမီးတဦးကို ရဲတွေက ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။
လန်ဒန်ရဲ့ အနောက်မြောက်ဘက် ဝယ်လ်ဇ်ဒန်မြို့မှာ အကြမ်းဖက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သံသယရှိသူ ၆ ဦးကို မဖမ်းဆီးနိုင်မီ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတွေက အိမ်တအိမ်ထဲ စီးနင်းဝင်ရောက်ပြီး အသက် ၂၀ အရွယ် အကြမ်းဖက်သံသယရှိသူ အမျိုးသမီးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ The Sun ရဲ့ သတင်းမှာ ရေးသားထားပါတယ်။
သေနတ်ဒဏ်ရာရသွားတဲ့ သူမကို ပလက်ဖောင်းပေါ်မှာ ဆေးဝန်ထမ်းတွေက ကြိုးစားကုသပေးနေရတာ ရုပ်သံထဲမှာ မြင်ရမှာပါ။
မျက်စိကလွဲလို့ ဝတ်ရုံနဲ့ တစ်ကိုယ်လုံးဖုံးအုပ်ထားတဲ့ အမျိုးသမီးတစ်ဦးကို ရဲ ၂ ဦး ခေါင်းငုံ့ခိုင်းပြီး အိမ်ထဲကနေ ဆွဲခေါ်လာတဲ့ မြင်ကွင်းနဲ့ စွပ်ကျယ်ဝတ်ထားတဲ့ လူငယ်တဦးကို ဖမ်းဆီးလာတာကိုလည်း ရုပ်သံထဲမှာ မြင်ရပါတယ်။
ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေ တပ်ဆင်ထားတဲ့ ရဲတွေက ဧပြီလ ၂၈ ရက်နေ့ည ၇ နာရီလောက်က သတင်းရရှိရာ တိုက်တန်းကို ရောက်လာခဲ့တာဖြစ်ပြီး အိမ်နီးနားချင်းတွေက သံသယရှိသူတွေရဲ့ အခန်းထဲကို စီအက်ဓာတ်ငွေ့ထဲ မလွှတ်မီ သေနတ်သံတွေ ကြားခဲ့ရတယ်လို့ ပြောပါတယ်။
ယူကေနိုင်ငံမှာ ဖြစ်ခဲ့တဲ့ တန်ပြန်အကြမ်းဖက်တိုက်ခိုက်မှု စုံစမ်းစစ်ဆေးမှုတွေထဲမှာ ဒီဖြစ်ရပ်က ပထမဦးဆုံးဖြစ်ခဲ့တဲ့ သံသယရှိသူ အမျိုးသမီးကို ပစ်ခတ်ဖမ်းဆီးမှုလို့ တိုင်းမ်သတင်းရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သေနတ်ဒဏ်ရာ ရထားတဲ့ အမျိုးသမီးက ဂါဝန်ရှည်နဲ့ မျက်နှာဖုံး ဝတ်ဆင်ထားကာ ပလက်ဖေါင်းပေါ် လှဲလျောင်းနေပြီး သူမဘက်ကို ငုံ့ကြည့်တဲ့ အရာရှိတွေကို အမျိုးသမီးက အော်ဟစ်နေတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
ပစ်ခတ်မှုပြီးနောက် တိုက်ခန်းရဲ့မျက်နှာစာတံခါးလည်း ပွင့်နေပြီး ခန်းမထဲမှာ သွေးတွေနဲ့ ပြည့်နေတယ်လို့ တိုက်တန်းလျားမှာ နေသူတစ်ဦးက ပြောပါတယ်။
ဒီအခင်းဖြစ်ပွားမှုက ဓားအပြည့်ကိုင်ထားတဲ့ အကြမ်းဖက်သမားတစ်ဦးကို ဖမ်းဆီးပြီးလို့ နာရီပိုင်းအကြာမှာ ဖြစ်ခဲ့ပြီး ဒီအမှု ၂ ခုက ဆက်စပ်မှုမရှိဘူးလို့ ရဲတွေက ပြောပါတယ်။
သေနတ်ဒဏ်ရာ အပြင်းအထန်ရထားတဲ့ အမျိုးသမီးကို ဆေးရုံပို့ထားပြီး သူမရဲ့ အခြေအနေကြောင့် မဖမ်းဆီးသေးဘူးလို့ သိရပါတယ်။
ဒီဖြစ်ရပ်နဲ့ စပ်ဆက်ပြီး နောက်ထပ် အသက် ၂၀ အရွယ် အမျိုးသမီး တဦး၊ ၁၆ နှစ်အရွယ် ကောင်လေး တဦးကိုပါ တအိမ်တည်းမှာ ဖမ်းဆီးမိပြီး နောက်ထပ် အသက် ၂၀ အရွယ် အမျိုးသားတဦးကို အနီးအနားမှာ ဖမ်းမိတယ်လို့ ဆိုပါတယ်။
နောက်ထပ် တိုက်တန်းလျားကို ပြန်လာတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသား တဦးနဲ့ အမျိုးသမီး တဦးကို ဧပြီလ ၂၈ ရက်ည နောက်ပိုင်းမှာ ဖမ်းမိပြီး၊ မကြာခင်မှာပဲ ၄၃ နှစ် အမျိုးသမီး တဦးကို ကန့်ကောင်တီထဲမှာ ထပ်မံဖမ်းဆီးမိတယ်လို့ ရဲကပြောပါတယ်။
သံသယရှိသူတွေကို အကြမ်းဖက်လုပ်ရပ် စီစဉ်လုပ်ဆောင်မှု သံသယနဲ့ ဖမ်းဆီးထားတယ်လို့ ရဲကပြောပါတယ်။