A d v e r t i s e m e n t With Us

မြင်းခြံတွင် ​​ဝါယာ​ရှော့ခ် ဖြစ်ကာ ဈေးဆိုင်ခန်း ၆ ခန်း မီးလောင်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဟောင်းနွမ်းနေတဲ့ ဝါယာကြိုးကြောင့် အပူရှိန်လွန်ကဲကာ ဧပြီ ၂၉ ရက် ည ၁၁ နာရီခွဲ လောက်က မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပြီး ဈေးဆိုင်ခန်း ၆ ခန်း မီးကူးစက် လောင်ကျွမ်းခဲ့ပါတယ်။ ဖြစ်စဉ်မှာ မြင်းခြံမြို့ အမှတ် ၂၀ ရပ်ကွက်ရှိ မြင်းခြံ မန္တလေးသွား ကားလမ်းဘေးရှိ အမှတ် (၃) ထင်းအစားထိုး လောင်စာစက်ရုံဝန်းအတွင်း မြေပေါ်မှာ ဆိုင်ခန်းဆောက်ခွင့်ပြုပြီး ငှားရမ်းထားတဲ့ သွပ်မိုး ထရံကာ ဈေးဆိုင်ခန်း ၆ ခန်းထဲက ဦးဇော်လင်း (ခ) ကုလားကြီး ရဲ့ ကားဝပ်ရှော့ခ် ဆိုင်ခန်းက စတင်ပြီး လျှပ်စစ်ဝါယာကြိုးဟောင်းက အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာပါ။ ည ၁၁ နာရီခွဲ လောက်က မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြား ဆိုင်ခန်း ၅ ခန်းကိုပါ မီးကူးစက်လောင်ကျွမ်းခံခဲ့ရပါတယ်။ ဆိုင်ကယ် ၃ စီး အပါအဝင် စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုး ၁၈ သိန်း လောက်ရှိပြီး ဦးဇော်လင်း (ခ) ကုလားကြီးလည်း မျက်နှာမှာ မီးလောင် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းရာကို မြင်းခြံမြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်နဲ့ ရေကား ၁၃ စီး၊ ပရဟိတအဖွဲ့က ရေကား ၄ စီး၊ မီးသတ် အယောက် ၅၀ နဲ့ အရံမီးသတ် အယောက် ၃၀ တို့ ဝိုင်းဝန်း ငြှိမ်းသတ်ပေးခဲ့ရပြီး ည ၁၂ နာရီမှာ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မြင်းခြံမြို့မ ရဲစခန်းက ဦးဇော်လင်း (ခ) ကုလားကြီးကို ရာဇသတ်ကြီးပုဒ်မ-၂၈၅ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ-ရီရီထွန်း (မြင်းခြံ)

A d v e r t i s e m e n t With Us

More News
Up