Home
မြန်မာသတင်း
ခံနိုင်ဝန်စမ်းသပ်ပြီးသည့် ဗိုလ်ချုပ်အောင်ဆန်းတံတား ဆက်လက်သုံးနိုင်ပြီ
DVB
·
April 30, 2017
သံလွင်မြစ်ကူး ဗိုလ်ချုပ်အောင်ဆန်းတံတားရဲ့ ခံနိုင်ဝန် စမ်းသပ်ပြီးဖြစ်လို့ ဆက်လက် အသုံးပြုနိုင်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ဒီတံတားဟာ နိုင်ငံတကာဆက်သွယ်တဲ့ အရှေ့အနောက်စီးပွားရေးစင်္ကြန်လမ်းပေါ်မှာ တည်ရှိတဲ့ အရေးပါတဲ့ တံတားတစင်းဖြစ်တာကြောင့် ခံနိုင်ဝန် စမ်းသပ်ခဲ့တာဖြစ်ပြီး တံတားခံနိုင်ဝန် တန် ၆၀ ရှိတယ်လို့လည်း ဌာနသတင်းမှာ ဖော်ပြပါတယ်။ မော်လမြိုင်မြို့နဲ့ ဘီလူးကျွန်းကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ဒီတံတားကို အသုံးပြုခွင့်ရတဲ့အတွက် ဒေသခံတွေ ပျော်ရွှင်ကျေနပ်နေကြပြီး သွားလာရေး လွယ်ကူ လျင်မြန်သွားတယ်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးအောင်ကြည်သိန်းက ပြောပါတယ်။ “ပြေတာပေါ့၊ ကျွန်းတကျွန်းလုံးပဲ၊ အခုဆိုရင် ကျနော်တို့ရွာ ကွမ်ရိုက်ကနေ တံတားကျော်တဲ့ထိ နာရီဝက်ပဲ၊ တံတားနဲ့နီးတဲ့ ကညှော်တို့ မုတွန်းတို့ဆိုရင်တော့ မိနစ် ၂၀၊ ၁၅ မိနစ် ဒီလောက်ပဲ သွားကြရတာ၊ မော်လမြိုင်အရောက်။ အရင်တုန်းကဆိုရင်တော့ ခန့်မှန်းလို့တောင် မရဘူး။” အရင်ကဆို ကုန်းတတန် ရေတတန်သွားရတာမို့ ဒေသခံလူထုအတွက် အစစ အရာရာမှာ အဆင်ပြေသွားတယ်လို့လည်း ပြောပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆိုအရ သံလွင်မြစ်ကူး ဗိုလ်ချုပ်အောင်ဆန်းတံတားဟာ ပင်လယ်အစပ်မှာ နောက်ဆုံးပေါ် နည်းပညာသုံးပြီး တည်ဆောက်ထားတဲ့ ပထမဆုံးတံတား ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024