A d v e r t i s e m e n t With Us

အမေရိကန် သံချပ်ကာကားတန်းကြီး ဆီးရီးယားနှင့်တူရကီနယ်စပ်နား ရောက်ရှိ (ရုပ်သံ)


by dvburma အမေရိကန် စစ်တပ်ရဲ့ သံချပ်ကာကားတွေ ဆီးရီးယားနဲ့ တူရကီနယ်စပ်နားကို ဝင်လာပုံ ပြထားတဲ့ ရုပ်သံတွေ ဧပြီ ၂၉ ရက်နေ့က အင်တာနက်ပေါ် ရောက်လာပါတယ်။ တူရကီ စစ်တပ်နဲ့ ဆီးရီးယား နိုင်ငံထဲက ကာဒစ်ရှ် YPG ပြည်သူ့စစ်တွေကြား နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ ဒီသီတင်းပတ်အတွင်း ဖြစ်ခဲ့ပါတယ်။ “အခြေအနေကို စောင့်ကြည့်ဖို့ပါ။ စောင့်ကြည့်မှုတွေ တကယ်မစသေးဘူး၊ တပ်တွေက အမေရိကန် အကြီးတန်း စစ်ဦးစီးမှူးတွေဆီကို သတင်းပို့လိမ့်မယ်” လို့ YPG စစ်ဦးစီးမှူးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ တူရကီနယ်စပ်နားက ဒါဘာစီယာမြို့ထဲမှာ YPG ပြည်သူ့စစ်တွေနဲ့ အမေရိကန် စစ်ဘက် အရာရှိတွေကြား အစည်းအဝေး လုပ်အပြီးမှာ ခုလို ပြောတာပါ။ ဒီသီတင်းပတ် အစောပိုင်းက တူရကီရဲ့ အမြောက် ပစ်ခတ်ခံရတဲ့ ဒါဘာစီယာမြို့ဆီကို အရာရှိတွေ သွားရောက် လည်ပတ်ပါတယ်။ ဆီးရီးယား မြေပြင်ပေါ်မှာ YPG လူမျိုးစုတွေကို ကာကွယ်ဖို့ အမေရိကန်ဟာ ရာနဲ့ချီတဲ့ တပ်သားတွေကို ဆီးရီးယားမြေပေါ်မှာ တပ်ချ ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up