Home
မြန်မာသတင်း
ဖားကန့်က ကျောက်စိမ်းတုံးကြီး နိုင်ငံပိုင် သိမ်းယူ
DVB
·
April 30, 2017
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရေမဆေးကျောက်ရှာသူများ ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံးကို နိုင်ငံပိုင်အဖြစ် သိမ်းယူလိုက်ပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာက ရေမဆေးကျောက်သမားတွေကို ငွေကျပ် သိန်း ၁၃၀၀ ကရုဏာကြေးပေးပြီး သိမ်းလိုက်တာလို့ ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောပါတယ်။ “နစ်နာကြေးပေါ့၊ ကရုဏာကြေးသဘောမျိုးနဲ့ သိန်း ၁၃၀၀ ပေးပြီးတော့ သိမ်းလိုက်တယ်၊ ဒီတိုင်းသိမ်းလိုက်မယ်ဆိုရင် ဒီ ရေမဆေးသမားတွေက ကျေနပ်ကြမှာ မဟုတ်ဘူး။” အလေးချိန် ၈၆၉၀ ကီလိုရှိတဲ့ ကျောက်စိမ်းတုံးကြီးကို မြစ်ကြီးနားမြို့ဆီ သယ်ဆောင်သွားပြီလို့လည်း ပြောပါတယ်။ ဒီကျောက်စိမ်းတုံးကြီးကို တွေ့ရှိခဲ့တဲ့ ရေမဆေးကျောက်သမားက ၁၀၀၀၀ ကျော်ရှိပြီး ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု မှော်ပုံရွာအနီးက တောက်ပကြယ် လုပ်ကွက်မှာ ဧပြီ ၂၇ ရက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024