နမ့်စန်တွင် လေပြင်းကြောင့် နေအိမ် ၇၀ ခန့်ပျက်စီး၊ နွားတကောင် မိုးကြိုးထိမှန် သေဆုံး
DVB
·
April 29, 2017
နမ့်စန်မြို့နယ်မှာ လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၇၀ လောက် ပျက်စီးပြီး လူတဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နွားတစ်ကောင်သေဆုံးခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ဟိုက်ဖက်ကျေးရွာအုပ်စုထဲရှိ ကျေးရွာ ၄ ရွာမှာ ဒီကနေ့ နေ့လယ် ၁ နာရီလောက်က လေပြင်းနဲ့ မိုးသီးတွေကျလာလို့ နေအိမ်တွေ အမိုးလန်တာ၊ ပြိုကျတာတွေ ဖြစ်ပေါ်ခဲ့ပြီး နောင်ဗိန်ရွာရှိ ဒေါ်ဂိုလ်မား အသက်(၅၅)အရွယ် တဦး ထိခိုက်ဒဏ်ရာရရှိကာ နွားတစ်ကောင်မိုးကြိုးထိမှန် သေဆုံးခဲ့ပါတယ်။
လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက လာရောက်ကူညီဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။