Home
မြန်မာသတင်း
နို့​ဖိုး​ဒုက္ခသည်စခန်း​အနီး​ရှိ ထိုင်း​ရွာ ပစ်ခတ်ခံရ၊​ ရွာသား​အချို့​သေဆုံး
DVB
·
January 25, 2012
ထိုင်း​နိုင်ငံ တာ့​ခရိုင် အုန်း​ဖန်မြို့​နယ် မြန်မာဒုက္ခသည်များ​နေထိုင်ရာ နို့​ဖိုး​ဒုက္ခသည်စခန်း​အနီး​က ​ကျေး​ရွာတရွာကို အမည်မသိ လက်နက်ကိုင်​တွေ ဝင်​ရောက်ပစ်ခတ်လို့​ ရွာသား​နှစ်ဦး​ ​သေဆုံး​ပြီး​ တဦး​ ဒဏ်ရာရသွား​ပါတယ်။ မ​နေ့​ညက နို့​ဖိုး​ဒုက္ခသည်စခန်း​ ​တောင်ဘက် ၁၀ မိုင် အကွာ နယ်စပ်ဂိတ်အနီး​ ပန်း​ခလယ်ရွာရှိ ရပ်ကွက် ၉ ထဲကို အမည်မသိ တပ်တတပ်က ဝင်လာပြီး​ အိမ်​ပေါ်မှာ အိပ်​ပျော်​နေတဲ့​ ရွာသား​တွေကို ပစ်ခတ်သွား​တာလို့​ ရွာသား​တွေက ​ပြောပါတယ်။ ထိုင်း​မီဒီယာ​တွေမှာ​တော့​ မြန်မာဘက်က အမည်မသိ လက်နက်ကိုင်​တွေက ဝင်​ရောက်ပစ်ခတ်ခဲ့​တာလို့​ ​ပြောဆို​ပေမယ့်​ ဘယ်အဖွဲ့​ဆိုတာ မ​ပြောနိုင်​သေး​ပါဘူး​။ ဒီပစ်ခတ်မှု​ကြောင့်​ ထိုင်း​ လင်မယား​နှစ်ဦး​ ​သေဆုံး​ခဲ့​ပြီး​ ၁၄ နှစ်အရွယ် မိန်း​က​လေး​တဦး​ ​သေနတ်ဒဏ်ရာ​ကြောင့်​ မဲ​ဆောက်​ဆေး​ရုံ ပို့​ခဲ့​ရ​ပေမယ့်​ အ​ခြေအ​နေ မစိုး​ရိမ်ရဘူး​လို့​ ရွာသား​တွေက ​ပြောပါတယ်။ အခင်း​ဖြစ်ပွား​ရာ ​နေရာကို ထိုင်း​လုံခြုံ​ရေး​ အဖွဲ့​တွေကို လိုက်လံပြသတဲ့​ ပန်း​ခလယ်ရွာသား​ နိုင်ချတ်ချဝမ်က “ဒီဘက်က​နေ သိပ်မကြား​ရဘူး​။ လူနာနဲ့​ လိုက်သွား​တဲ့​ က​လေး​က ဒီမှာအိပ်တာ။ ​ပြောကြတာက အများ​ကြီး​လာတယ်။ ၁၀ ​ယောက်​ကျော်၊​ ၁၅ ​ယောက်ရှိတယ်။ လက်နက်လာစမ်း​တာ။ ဟိုမှာ​တွေ့​လား​ ​သွေး​တွေ စီး​ကျ​နေတာ” လို့​ ​ပြောပါတယ်။ အုန်း​ဖန်မြို့​ အုပ်ချုပ်​ရေး​မှူး​က အခင်း​ဖြစ်ပွား​ရာ ​ဒေသမှာ နယ်ခြား​ကန့်​သတ်ထား​တဲ့​ ခြံစည်း​ရိုး​တွေ မရှိ​တော့​တဲ့​အတွက် နှစ်ဘက်နိုင်ငံက လူ​တွေ အမြဲ ကူး​လူး​သွား​လာ​နေကြ​ကြောင်း​၊​ လွန်ခဲ့​တဲ့​နှစ် ဒီဇင်ဘာလကလည်း​ အခုလို အမည်မသိတပ်​တွေ ဝင်လာပြီး​ ထိုင်း​ရွာသား​နှစ်​ယောက်ကို ပြန်​ပေး​ဆွဲပြီး​ သတ်ဖြတ်သွား​တယ်လို့​ပြောပါတယ်။ မဲ​ဆောက်အ​ခြေစိုက် ထိုင်း​နယ်ခြား​စောင့်​ ရဲနဲ့​ အထူး​ ​ခြေမြန် တပ်ရင်း​တွေက ပန်း​ခလယ် ရွာက​နေ အုန်း​ဖန်မြို့​အကြား​ နယ်စပ်တ​လျှောက် မ​နေ့​ကစပြီး​ လုံခြုံ​ရေး​ တိုး​မြှင့်​ထား​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024