ဂန့်ဂေါ - ကလေး ရထားလမ်းပိုင်းတွင် လက်ပစ်ဗုံး တွေ့ရှိ
DVB
·
April 29, 2017
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ရထားလမ်းပိုင်း မယ်ဇလီကုန်းဂိတ်မှာ ဒီနေ့မနက် ၁၀ နာရီလောက်က လက်ပစ်ဗုံးတလုံး တွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်မှာ ဂန့်ဂေါမြို့နယ် ရေရှင်မကျေးရွာအုပ်စုနယ်အတွင်းရှိ ရထားလမ်းမိုင် ၆၅၅/ ၅-၆ ကြား၊ ကားလမ်းမိုင်ဟားခါးလမ်းခွဲမိုင်တိုင်အမှတ် ၁၇ / ၂ - ၃ ကြားမှာ လမ်းပိုင်းတာဝန်ကျ ဦးတင်မောင်ဦးက စတင်တွေ့ရှိခဲ့ပါတယ်။
လက်ပစ်ဗုံးကို နယ်မြေခံခြေမြန်တပ်ရင်း ၅၀ က နေ့လယ့် ၁ နာရီ ၅၀ မိနစ်မှာ လာရောက်ရှင်းလင်းခဲ့တယ်လို့ နယ်မြေခံ ရထားလမ်းဗိုလ် ဦးကျော်ခိုင်ဝေက ပြောပါတယ်။
ဗုံးရှင်းလင်းပြီးနောက် ရထားတွေ မွန်းလွဲ ၃ နာရီခွဲမှာ ပုံမှန်ဖြတ်သန်းသွားခွင့် ရခဲ့ကြောင်း သိရပါတယ်။
သတင်း/ဓာတ်ပုံ - ယောသားလေး - သန်းဝင်းနိုင်