A d v e r t i s e m e n t With Us

အမေရိကန် သိပ္ပံပညာရှင်များ သားအိမ်တု တီထွင်ဖန်တီး (ရုပ်သံ)

အမေရိကန် သိပ္ပံပညာရှင်တွေက သားအိမ်တု တီထွင်ဖန်တီးလိုက်ပြီး အအောင်မြင်ဆုံး သားအိမ်တုကို တိုးတက်ဖွံ့ဖြိုးအောင်တော့ မလုပ်ဆောင်နိုင်သေးဘူးလို့ စီဂျီတီအန်သတင်းမှာ ရေးထားပါတယ်။ ရက်မစေ့ဘဲ မွေးဖွားလာတဲ့ သိုးငယ် ၈ ကောင်ကို သိုးမိခင်ရဲ့သားအိမ်သဏ္ဌာန်လို တုပဖန်တီးထားတဲ့ ဇီဝအိတ်လို့ခေါ်ဆိုတဲ့ ပလတ်စတစ်အိတ်ထဲမှာ ကြီးပြင်းစေခဲ့တာပါ။ လူသားတွေအတွက် လူသားမိခင် သားအိမ်အတုကတော့ နောင်တချိန်မှာ တီထွင်နိုင်ကောင်း တီထွင်နိုင်မယ်လို့ ဆိုပါတယ်။ ဒီစမ်းသပ်တီထွင်မှုက အမေရိကန်နိုင်ငံ ဖီလဲဒဲလ်ဖီးယားမြို့ ကလေးဆေးရုံမှာ လွန်ခဲ့တဲ့ ၃ နှစ်က စမ်းသပ်တီထွင်ဖန်တီးတာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သုတေသီသိပ္ပံပညာရှင်တွေက သိုးမိခင်သားအိမ်တုထဲမှာ သိုးသန္ဓေသားလောင်း ၈ ကောင်ကို ကြီးထွားစေခဲ့တာပါ။ ဒီစမ်းသပ်တီထွင်မှုကနေ နေ့မစေ့ဘဲ မွေးဖွားလာတဲ့ သန္ဓေသားသိုးလောင်းတွေက ဇီဝအိတ်ထဲမှာ ရက်သတ္တပတ် ၄ ပတ်အထိ နေနိုင်တာကို တွေ့ရှိတယ်လို့ ဆိုပါတယ်။ ရက်မစေ့ပဲ မွေးဖွားလာတဲ့ သန္ဓေသားလောင်းရဲ့ ဦးဆုံးအသက်ရှူမှုက နောက်ထပ်ဖြစ်မယ့် အဆုတ်ကြီးထွားမှုကို ရပ်တန့်စေနိုင်လို့ သဘာဝကို လွန်ဆန်တဲ့ မွေးဖွားမှုတွေက အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ လူသားသန္ဓေသားလောင်းရဲ့ ပျမ်းမျှကိုယ်ဝန်ဆောင်ကာလက အပတ် ၄၀ ဖြစ်ပေမယ့် နှစ်စဉ်နှစ်တိုင်း အမေရိကန်နိုင်ငံမှာ ကလေး ၃ သောင်းလောက်က ၂၆ ပတ်မတိုင်ခင် မွေးဖွားကြတယ်လို့ ဆိုပါတယ်။ နောက်လာမယ့် ၃ နှစ်နဲ့ ၅ နှစ်အတွင်းမှာ နေ့မစေ့ပဲ မွေးဖွားလာတဲ့ ကလေးတွေအတွက် လူသားမိခင်သားအိမ်တုကို စတင်စမ်းသက်နိုင်မယ်လို့ ဆရာဝန်တွေက ခန့်မှန်းနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up