A d v e r t i s e m e n t With Us

ဟာဇက် အသင်းတွင်ဆက်ရှိမည်ဟု အာမမခံနိုင်ကြောင်း နည်းပြပြော

တောင်ပံကစားသမား ဟာဇက်အနေနဲ့ အသင်းမှာဆက်ရှိမယ်လို့ အာမမခံနိုင်ကြောင်း ချဲလ်ဆီးနည်းပြ ကွန်တီက ပြောကြားလိုက်ပါတယ်။ ဘယ်လ်ဂျီယံ ကစားသမား ဟာဇက်ဟာ ချဲလ်ဆီးအသင်း မှာ တစ်ပတ်ပေါင် ၂ သိန်းရရှိနေပြီး ၂၀၂၀ အထိ စာချုပ်သက်တမ်းရှိနေပေမယ့် ထိပ်တန်းအသင်းတွေကခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ နည်းပြတစ်ယောက်အနေနဲ့ ကစားသမားတွေရဲ့ စိတ်ကို ထိန်းချုပ်လို့မရနိုင်ကြောင်း၊ ဟာဇက်တင် မဟုတ်ဘဲ တခြားကစားသမားတွေကိုလည်း အသင်းမှာ ဆက်ရှိမယ်လို့ အာမမခံနိုင်ကြောင်း ကွန်တီက ဆိုပါတယ်။ ဒါပေမယ့် ဟာဇက်အနေနဲ့ အသင်းမှာပျော်ရွှင်နေပြီး အသင်းသားတွေအားလုံးနဲ့လည်း အဆင်ပြေနေတယ်လို့ ကွန်တီက ဆက်ပြောပါတယ်။ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြနေတဲ့ ဟာဇက်ကို စပိန် ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၁၀၀ ကျော်လောက်နဲ့ ကမ်းလှမ်းမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up