A d v e r t i s e m e n t With Us

ချောက်ကမ်းပါးကြား ညှပ်နေသည့် ကလေးငယ်ကို မီးသတ်သမား ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ဘက် ဂန်းစုခရိုင် လန်းဂျိုးမြို့မှာ အလွန်မက်တဲ့ ချောက်ကမ်းပါးစောက် ကြားထဲ ကလေးတစ်ဦး ညှပ်နေခဲ့လို့ မီးသတ်သမားတွေက သွားရောက်ကယ်ဆယ်ခဲ့ရပါတယ်။ ရုပ်သံထဲမှာ အလွန်မြင့်မားပြီး မက်စောက်လှတဲ့ ချောက်ကမ်းပါစောက် ၂ ခုကြားထဲမှာ ညှပ်နေတဲ့ ကလေးကို မီးသတ်သမားတွေက ကယ်တင်ပြီး ကမ်းပါးထိပ်မှာ ဆိုင်းထားတဲ့ ကြိုး ၂ ချောင်းနဲ့ ကမ်းပါးယံကို ခြေစုံကန်ဆင်းပြီး အန္တရာယ်ကင်းစွာ သယ်လာတာကို တွေ့မြင်ရမှာပါ။ ဒီရုပ်သံကို မတ် ၂၆ ရက်နေ့မှာ ဖမ်းယူရိုက်ကူးခဲ့တာဖြစ်ပြီး စီဂျီတီအန်သတင်းက ရုပ်သံကို ဧပြီလ ၂၈ ရက်နေ့က တင်ခဲ့တာပါ။ ကလေးဟာ ၁၀၀ မီတာအမြင့် ကျောက်ကမ်းပါးယံကနေ ခြေချော်ပြုတ်ကျပြီး ကျောက်ကမ်းပါးစောက်ကြားထဲ ညှပ်နေတာလို့ ဒေသခံသတင်းတွေက ပြောပါတယ်။ ကလေးက ဘာဒဏ်ရာမှ မရရှိဘူးလို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up