Home
မြန်မာသတင်း
မွန်နှစ်ပါတီ ပူး​ပေါင်း​တော့​မည်
နန်းမြနဒီ
·
January 25, 2012
၂၀၁၀ ​ရွေး​ကောက်ပွဲဝင်တဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီနဲ့​ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရပြီး​ ဖျက်သိမ်း​ခံထား​ရတဲ့​ မွန်အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်တို့​ဟာ တပါတီတည်း​ ​ပေါင်း​စည်း​ကြဖို့​ ဒီလ ၂၃ ရက်​နေ့​မှာ သ​ဘောတူညီချက် ရရှိခဲ့​ကြပါတယ်။ [caption id="attachment_20383" align="alignleft" width="300" caption="မင်း​စိုး​လင်း​​ (ဓာတ်​ပုံ_​မွန်​အ​မျိုး​​သား​ဒီ​မို​က​ရေ​စီ)"][/caption] ​မော်လမြိုင်မြို့​မှာ ဒီလ ၂၃ ရက်​နေ့​မှာ ပါတီနှစ်ခုက ဖွဲ့​စည်း​ထား​တဲ့​ ပါတီ​ပေါင်း​စည်း​ရေး​ ​ကော်မရှင်နှစ်ဖွဲ့​လုံး​ကို ​ခေါ်ပြီး​ သံဃာ​တော်​တွေက ဝင်​ရောက် ​ဖြေရှင်း​ပေး​တယ်လို့​ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ ​ပြောခွင့်​ရ ​ဒေါက်တာမင်း​စိုး​လင်း​က ​ပြောပါတယ်။ “သံဃာ​တော်​တွေက ကြား​က​နေ ဒိုင်လုပ်ပြီး​တော့​ ဝင်​ရောက် ​ဖြေရှင်း​ပေး​တယ်။ တပါတီတည်း​ ​ပေါင်း​ရမယ်၊​ အချိန်မဆွဲဘဲ အမြန်ဆုံး​ပေါင်း​ရမယ်။ ကြား​နာမည်တခု​ပြောင်း​ပြီး​ ​ပေါင်း​ရမယ်” ဆိုပြီး​ ဝင်​ရောက်​​ ဖြေရှင်း​ပေး​တယ်လို့​ ဆိုပါတယ်။ ပူး​ပေါင်း​ဖို့​ ညှိနှိုး​ရာမှာ မြင်​တွေ့​ရတဲ့​ အ​နေအထား​ကို ​ဒေါက်တာမင်း​စိုး​လင်း​က ခုလို ​ပြောပါတယ်။ “အဓိက​တော့​ ကြား​နာမည်တခု ​ပေါင်း​စည်း​ရေး​က သူတို့​ဘက်က ဆုံး​ဖြတ်ပိုင်ခွင့်​ မရှိဘူး​။ ဒါ​ပေမယ့်​ ဆရာ​တော်​တွေက ဆုံး​ဖြတ်ပိုင်ခွင့်​ရှိတယ်။ ကြား​နာမည်ကိုယူတယ်။ သူတို့​ဘက်က ကြား​နာမည်ကို ဆုံး​ဖြတ်ပိုင်ခွင့်​ မရှိတဲ့​အတွက်​ကြောင့်​ စီအီး​စီ အစည်း​အ​ဝေး​မှာ ပြန်ပြီး​တော့​ အဆုံး​အဖြတ် ပြန်ယူမယ်။” မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီ ဥက္ကဋ္ဌ နိုင်​ငွေသိန်း​က ပါတီနှစ်ခု ပူး​ပေါင်း​မှာ ဖြစ်တယ်။ ပါတီမ​ပေါင်း​သေး​ခင် ကာလမှာလည်း​ ပူး​ပေါင်း​ဆောင်ရွက်မှာ ဖြစ်တယ်လို့​ ​ပြောပါတယ်။ “နာမည် အခက်အခဲဆိုတာ နာမည်အသစ် ​ရွေး​ကြရ​အောင်ဆို​တော့​ နာမည်ခက်ခဲတာပါ။ ​ဆွေး​နွေး​တုန်း​ပဲ။ ​တွေ့​ဆုံ​ဆွေး​နွေး​ကြ အတူတကွလုပ်ကြ။ ဒါက​တော့​ နာမည်က​တော့​ အ​ရေး​မကြီး​ဘူး​လေ။ ပူး​ပေါင်း​ဖို့​ပဲ အ​ရေး​ကြီး​တယ်။ အ​ကောင်း​ဆုံး​ဖြစ်​အောင် ​ဆွေး​နွေး​နေကြတယ်။” လွန်ခဲ့​တဲ့​ရက်ပိုင်း​က မွန်ပြည်သစ်ပါတီ ထိန်း​ချုပ်နယ်​မြေမှာ ကျင်း​ပတဲ့​ မွန်အမျိုး​သား​ရေး​ရာ အဖွဲ့​ချုပ်ညီလာခံမှာ မွန်ပါတီနှစ်ခုကို တပါတီတည်း​ဖြစ်​အောင် ပူး​ပေါင်း​ဖို့​ တိုက်တွန်း​ခဲ့​ပါတယ်။ ဖျက်သိမ်း​ခံထား​ရတဲ့​ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၉၀ ပြည့်​ ပါတီစုံ ဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲမှာ အမတ်​နေရာ ၅ ​နေရာရ​ပေမယ့်​ ဖျက်သိမ်း​ခံခဲ့​ရပါတယ်။ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီက​တော့​ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက် ယှဉ်ပြိုင်ခဲ့​ပါတယ်။ ပါတီနှစ်ခု ပူး​ပေါင်း​ဖို့​ အတွက် သူတို့​ပါတီက မနှစ် ဒီဇင်ဘာ ၂၇ ရက် ​နေ့​စွဲနဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီကို ကမ်း​လှမ်း​ခဲ့​တယ်လို့​ ​ဒေါက်တာမင်း​စိုး​လင်း​က ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024