Home
မြန်မာသတင်း
အင်းတော်တွင် စိတ်ကြွဆေးပြားနှင့်ဘိန်းမဲများ ငွေကျပ် သိန်း ၃၃၀ ကျော်ဖိုး ဖမ်းမိ
DVB
·
April 29, 2017
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ကသာ-အင်းတော်သွားကားလမ်း နားရခေါင်ကျေးရွာ ရေကျေးရွာ ရေကျော်တံတားမှာ ဧပြီ ၂၈ ရက်နေ့ ည ၉ နာရီ အချိန်လောက်က ဘိန်းမဲနဲ့ WY စာတန်းပါ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ ပါတယ်။ အင်းတော်နဲ့ နဘား ရဲတပ်ဖွဲ တာဝန်ရှိသူတွေဟာ နဘားကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့အတူ မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် ကသာဘက်ကနေ အင်းတော်ဘက် မောင်းနှင် လာတဲ့ ဆိုင်ကယ်တစ်စီးကို ရပ်တန့်ရှာဖွေရာမှ ကျောပိုး အိတ်အတွင်း မှ WY စာတန်းပါ စိတ်ကြွ ဆေးပြားနဲ့ ဘိန်းမဲတွေကို တွေ့ရှိခဲ့တာလို့ အင်းတော်မြို့မရဲစခန်းက ပြောပါတယ်။ ဘိန်းမဲ စုစုပေါင်း ၄ ပိဿာ နဲ့ ၂၅ ကျပ်သားနဲ့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၂၅၃၃ ပြား၊ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်း ၃၃၅ ကျော် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ ပင်လည်ဘူးမြို့နယ် အောင်းကုန်း ကျေးရွာနေ ဇော်မိုး အသက် ၂၉ နှစ်ကို မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဥပဒေပုဒ်မတွေနဲ့ အရေးယူထားတယ်လို့ အင်းတော်မြို့မရဲစခန်းက ဆိုပါတယ်။ သီဟဆွေ (ကသာ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024